Author Archives: Department of Disaster Management

  • မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၅-၂၀၁၇)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ၀ါးချောင်းကျေးရွာနေ မိုးကြိုးထိမှန်ပြီးသေဆုံးခဲ့သော ပြည်သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်နှင့် ဆေးရုံတက်နေရသော ပြည်သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း (၃၅၀,၀၀၀ိ/-) ကျပ်တို့ကို (၂၂-၅-၂၀၁၇) ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၅-၂၀၁၇)ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအုပ်စု၊ အပေါက်ဝကျေးရွာ(ပေါ်တော်မူ)တွင် မိုးကြိုးထိမှန်ပြီး ဆေးရုံတက်နေရသော ပြည်သူ (၁) ဦးအား (၂၂-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)ကျပ်ကို အပေါက်ဝတိုက်နယ်ဆေးရုံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • လေပြင်းဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၅-၂၀၁၇)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လယ်တီကွင်းရပ်ကွက်ရှိ လူနေအိမ် (၁) လုံး ပြိုကျပျက်စီးပြီး လူနေအိမ် (၆) လုံး အမိုးလန်ပျက်စီးမှုများအတွက် ငွေကျပ် (၂၈,၂၁၆/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၁) စုစာနှင့် ငွေကျပ် (၄၈,၇၈၀/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး အိမ်ထောင်စု (၆) စုစာ တို့ကို (၂၁-၅-၂၀၁၇) ရက်နေ့တွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • လေပြင်းဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၅-၂၀၁၇)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အေးမြသာယာရပ်ကွက်ရှိ လူနေအိမ် (၁) လုံး ပြိုကျပျက်စီးပြီး လူနေအိမ် (၂၁) လုံး အမိုးလန်ပျက်စီးမှုများအတွက် ငွေကျပ် (၂၈,၂၁၆/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၁) စုစာနှင့် ငွေကျပ် (၁၇၀,၇၃၀/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး အိမ်ထောင်စု (၂၁) စုစာ တို့ကိုလေဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • မြန်မာနိုင်ငံလူငယ်မူဝါဒ မူကြမ်းရေးဆွဲပြီးဖြစ်သဖြင့် အတည်ပြုပြဌာန်း နိုင်ရေးအတွက် လုပ်ငန်းကော်မတီ(ပထမအကြိမ်) အစည်းအဝေးကျင်းပမှုသတင်း

      ၂၁.၅.၂၀၁၇ ၊ နေပြည်တော် နိုင်ငံတော်၏အနာဂါတ်ကို ပုံဖော်ကြမည့် နိုင်ငံတော်၏တာဝန်များကို လက်ဆင့်ကမ်းတာဝန်ယူကြမည့် လူငယ်များသည် မိမိတို့၏တန်ဘိုးရှိသော အလားအလာများကို သိမြင်ကြရန်လိုအပ်ကြောင်း၊ အရည်အသွေးပြည့်ဝပြီး မိမိတို့၏ အစွမ်းအစကို ဖော်ထုတ်ပြသနိုင်ပြီး လူမှုကျင့်ဝတ်များကို လေးစားလိုက်နာ သူများအဖြစ် တာဝန်ယူစိတ်ဖြင့် ဆောင်ရွက်တတ်သူများဖြစ်လာစေရန် လူငယ်မူဝါဒကို ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်းဖြင့် ယနေ့နံနက်က နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားရာတွင် … Read more

  • မိုးကြိုးဘေးအတွက်ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အဓလောက်ကျေးရွာအုပ်စု၊ ရေလယ်ကွင်းကျေးရွာတွင် (၁၈-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံငွေကျပ် (၃၀၀,၀၀၀ိ/-)၊ ဒဏ်ရာရရှိသူ (၁) ဦး အတွက် ထောက်ပံ့ငွေကျပ် (၅၀,ဝဝဝိ/-)၊ မီးဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀,ဝဝဝိ/-) ကျပ်နှင့် လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၆,၈ဝဝိ/-)ကျပ်၊ စုစုပေါင်း (၃၈၆,၈၀၀ိ/-)ကျပ်တို့အား (၁၉-၅-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လေးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    (၂၀၁၇) ခုနှစ်၊ မေလ(၁၆)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျွေးရွာအုပ်စု အောင်သာယာကျေးရွာ နေအိမ် (၂)လုံး၊ အမိုးလန်ပျက်စီးခြင်းနှင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း အမိုးလန်ခြင်းတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး အိ်မ်ထောင်စု (၂) စာ၊ အမိုးလန်နေအိမ် (၂) လုံးအတွက် (၁၅၀၀၀၀ိ/-)၊ ဘုန်းတော်ကြီးကျောင်း အမိုးလန်အတွက် (၁၀၀၀၀၀ိ/-)၊ ဘေးသင့်သူ (၉) ဦးအတွက် ဆန်ရိက္ခာဘိုး (၇) ရက်စာ (၁၈၉၀၀ိ/-) တို့အား (၁၉.၅.၂၀၁၇) ရက်နေ့၌ မောင်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ အောင်လံမြို့နယ်၊ နတ်မောက်ကျေးရွာတွင် (၁၇-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးသင့်အိမ်ထောင်စု (၂) စုအတွက် ဆန်ဖိုးငွေ (၁၄၇၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၅၀၀၀၀ိ/-) စုစုပေါင်း (၁၆၄၇၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးအား (၁၉-၅-၂၀၁၇) နေ့တွင် အောင်လံမြို့နယ်ထွေအုပ်ရုံးတွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events