ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၅-၂၀၁၇)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လယ်တီကွင်းရပ်ကွက်ရှိ လူနေအိမ် (၁) လုံး ပြိုကျပျက်စီးပြီး လူနေအိမ် (၆) လုံး အမိုးလန်ပျက်စီးမှုများအတွက် ငွေကျပ် (၂၈,၂၁၆/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၁) စုစာနှင့် ငွေကျပ် (၄၈,၇၈၀/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး အိမ်ထောင်စု (၆) စုစာ တို့ကို (၂၁-၅-၂၀၁၇) ရက်နေ့တွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)