
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ အောင်လံမြို့နယ်၊ နတ်မောက်ကျေးရွာတွင် (၁၇-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးသင့်အိမ်ထောင်စု (၂) စုအတွက် ဆန်ဖိုးငွေ (၁၄၇၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၅၀၀၀၀ိ/-) စုစုပေါင်း (၁၆၄၇၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးအား (၁၉-၅-၂၀၁၇) နေ့တွင် အောင်လံမြို့နယ်ထွေအုပ်ရုံးတွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။