ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အဓလောက်ကျေးရွာအုပ်စု၊ ရေလယ်ကွင်းကျေးရွာတွင် (၁၈-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံငွေကျပ် (၃၀၀,၀၀၀ိ/-)၊ ဒဏ်ရာရရှိသူ (၁) ဦး အတွက် ထောက်ပံ့ငွေကျပ် (၅၀,ဝဝဝိ/-)၊ မီးဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀,ဝဝဝိ/-) ကျပ်နှင့် လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၆,၈ဝဝိ/-)ကျပ်၊ စုစုပေါင်း (၃၈၆,၈၀၀ိ/-)ကျပ်တို့အား (၁၉-၅-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)