Author Archives: Department of Disaster Management

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်မွမ်းမံ သင်တန်း အမှတ်စဉ် (၁/၂၀၁၇) ဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ်မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၇) အား (၂၄ – ၅ – ၂၀၁၇) တွင် ဖွင့်လှစ်ခဲ့ရာသင်တန်းသား (၅၀) ဦးတက်ရောက်ခဲ့ပြီး  အဆိုပါသင်တန်းကာလမှာ (၂၄-၅-၂၀၁၇) ရက်နေ့မှ  (၂၆-၃-၂၀၁၇) ရက်နေ့ ထိ  (၃) ရက်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီစွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် Plan Internation Myanmar တို့ပူးပေါင်း၍ (၂၄-၅-၂၀၁၇) ရက်နေ့မှ (၂၆-၅-၂၀၁၇) ရက်နေ့ထိ (၃) ရက်ကြာ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီစွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားအား မြစ်ကြီးနားမြို့၊ ဂါလီလဲကန့်တွင် သင်တန်းသား/သူ (၅၀) ဦး ဖြင့်ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ပြည်နယ်ကျန်းမာရေး၊ ပြည်နယ်မိုးဇလ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ မှသင်ခန်းစာပို့ချခဲ့ပြီး DAN နှင့် KOBO Application များကိုဖြန့်ဝေခဲ့ပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် ဗီနိုင်းများကိုလည်း စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ်စီမံကိန်း ဖွင့်ပွဲအခမ်းအနားကျင်းပမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် (UNV)တို့ ပူးပေါင်း၍ ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ်သင်တန်းဖွင့်ပွဲအခမ်းအနားအား (၂၅-၅-၂၀၁၇) ရက်နေ့၊ နံနက် (၉:၀၀) အချိန်တွင် ကျောက်ဖြူမြို့၊ ရမ္မဝတီခန်းမ၌ ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနား သို့ စေတနာ့ဝန်ထမ်းလူငယ် (၅၀) ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ (၁၃) ဦး၊ စုစုပေါင်း (၆၃) ဦး ခန့်တက်ရောက် ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ်ကနဦးစီမံချက် ဖွင့်ပွဲအခမ်းအနားကျင်းပမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် International Rescue Committee (IRC) တို့ပူးပေါင်း၍ ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ်သင်တန်းအား ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ခွယ်ကဘောင်မိုတယ်တွင် (၂၅-၅-၂၀၁၇) ရက်နေ့မှ (၂၆-၅-၂၀၁၇) ရက်နေ့အထိ သင်တန်းသား (၅၀) ဦးအား ပို့ချသွားမည်ဖြစ်ပြီး ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး (IRC) တာဝန်ရှိသူတစ်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သူများ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၅-၂၀၁၇) ရက်နေ့၌ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မအူကုန်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာတွင်ဖြစ်ပွားသော မီးဘေးတွင် မီးဘေးသင့်အိမ်ခြေ (၁) လုံး အတွက်အိမ်ထောင်စု (၁) စုစာ family kits (၁) ပုံး၊ ဆန်ရိက္ခာဖိုး (၁၆,၈၀၀ိ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀ိ/-)ကျပ်တို့ကို (၂၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၇) ရက်နေ့တွင် မောင်တောမြိုနယ်၊ ရွှေရင်အေးကျေးရွာမူလတန်းကျောင်း၌ သဘာဝအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာဒေသခံပြည်သူ (၉၀) ဦးတက်ရောက်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့်နံရံကပ်စာစောင်များ ဖြန့်ဝေပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ကလေးသူငယ်ဆိုင်ရာအသိပညာများသင်ကြားပို့ချမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၅-၂၀၁၇) နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ ပျဉ်းမနားမြို့၊ ခေမာသီဝံပရဟိတဂေဟာ သို့သွားရောက်၍ ကလေးသူငယ် (၈၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ကလေးသူငယ်ဆိုင်ရာအသိပညာများသင်ကြားပေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ကလေးများအတွက် ခေါက်ဆွဲထုပ်များနှင့် အဝတ်အထည်များလှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံး(ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၇) ရက်နေ့၊ မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်၌ ဖြစ်ပွားခဲ့သောမီးဘေးတွင် မီးဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၄) ဦိးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု (၂) စုစာ ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၂၉,၄၀၀ိ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်တို့အား (၂၄-၅-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events