Author Archives: Department of Disaster Management
-
မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၁)၊၂၀၁၇
မုန်တိုင်းငယ်အခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခု အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်ဘက် မိုင်(၂၅၀)ခန့်နှင့် ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင်(၃၅၀)ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်-အနောက်တောင်ဘက် မိုင်(၅၀၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏ အရှေ့-အရှေ့မြောက် ဘက်မိုင်(၅၂၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ အဆိုပါမုန်တိုင်းငယ်သည် နောက်(၂၄)နာရီအတွင်း … Read more
-
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၂၆-၅-၂၀၁၇)ရက်နေ့၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ နတ်ချောင်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီး လူနေအိမ် (၁) လုံး အိမ်ထာင်စု (၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၁) အိမ်ထောင်စာ၊ တစိတ်တပိုင်းပျက်စီး လူနေအိမ် (၂) လုံး အိမ်ထောင်စု (၂) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၆) မျိုး၊ အိမ်ထောင်စ ု(၂) စုစာအား (၂၇-၅-၂၀၁၇) ရက်နေ့တွင် မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ မြောက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာနမှတဆင့် လွှဲပြောင်းထောက်ပံ့ပေးခဲ့ပြီး ဆန်ရိက္ခာဖိုးနှင့်အိမ်ဆောက်ပစ္စည်းဖိုး တို့အား ဆက်လက်ထောက်ပံ့သွားပါမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ကလေးဝမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာတွင် (၂၅-၅-၂၀၁၇) နေ့ညနေပိုင်းလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်စုစုပေါင်း (၉) လုံး အမိုးလန်ပျက်စီးခဲ့ပါသည်။ ၄င်း အပြင် (၂၆-၅-၂၀၁၇) ရက် နေ့ညပိုင်းတွင် ကလေးဝမြို့နယ်၊ မထုကျေးရွာတွင် နေအိမ် (၂) လုံး၊ မန်ဖာကြီးကျေးရွာတွင်နေအိမ် (၁) လုံးစုစုပေါင်း (၃) လုံးအဆိုပါ (၂) ရက်အတွင်းအမိုးလန်ပျက်စီးခဲ့ သောနေ အိမ်စုစုပေါင်း (၁၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးနှင့် ထောက်ပံ့ငွေ စုစုပေါင်းကျပ် (၅၅၀၀၀၀) အား ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၅-၂၀၁၇) နေ့ … Read more
-
သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ ကျောက်မဲမြို့ထွေအုပ်ရုံးခန်းမ၌ (၂၅-၅-၂၀ ၁၇) ရက်နေ့နံနက် (၀၉:၀၀) အချိန်တွင် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲစတင်ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်မှူး (ကယ်ဆယ်ရေး) မှ ရှင်းလင်း ဟောပြော ဆွေးနွေးခြင်း နှင့်အဖွဲ့လိုက်ဆွေနွေးတင်ပြချက်များအပေါ်ပြန် လည်သုံးသပ်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက် ခဲ့ကြပြီး ညနေ (၁၆းဝ၀) အချိန်တွင်အောင်မြင်စွာပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၅-၂၀၁၇ ) ရက်နေ့ ၌ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ တောထွင်ကြီးကျေးရွာတွင်ရွာတွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့်အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ ရှောင်ရန်ဆောင်ရန်များဟောပြောခဲ့ပြီး တက်ရောက်သူဦးရေ (၈၀) ဦးခန့်တက်ရောက်ခဲ့ရာ အဆိုပါတက်ရောက်သူများအား လက်ကမ်းစာစောင်များ၊နံရံကပ်ပိုစတာများနှင့်ဆပ်ပြာမှုန့်ထုပ်များဝေဌပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးကြောင့် ဆေးရုံတက်နေရသောပြည်သူ (၁) ဦးအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၁-၅-၂၀၁၇)ရက်နေ့တွင် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကဇိကျေးရွာအုပ်စု၊ကဇိကျေးရွာတွင် မီးဘေးကြောင့် ဆေးရုံတက်နေရသောလူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)ကျပ်အား ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ကမ်းပါးပြိုဘေးထောက်ပံ့မှုသတင်း
(၂၂ – ၅ -၂၀၁၇) ရက်နေ့တွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဗလဗကျေးရွာအုပ်စု၊ ဗလဗကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ ရွှေ့ပြောင်းအိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၇) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃) သိန်း၊ ဆန်ရိက္ခာဖိုး (၃၅၇၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား အုပ်စု (အုပ်ချုပ်ရေးမှူး)နှင့်အတူ ဗလဗကျေးရွာအုပ်ချုပ်ရေးမှူး၏အိမ်၌ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၅-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ယွန်းသွယ်ကျေးရွာအုပ်စု၊ ယွန်းသွယ်ကျေးရွာနှင့် စာဖြူစုကျေးရွာတို့တွင် (၁၈-၅-၂၀၁၇)ရက်နေ့နှင့် (၁၉-၅-၂၀၁၇)ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ (၂၀) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀,၀၀,၀၀၀ိ/-)ကျပ်၊ ပြိုလဲနေအိမ် (၁၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄,၀၀,၀၀၀ိ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၄၂) ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၈,၂၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၄,၈၈,၂၀၀ိ/-)ကျပ်နှင့် ကတ္ထူပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့ကို (၂၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မုတ်သုန်အကြိုကာလအတွက်သဘာဝဘေးအန္တရာယ်အသိပညာပေးဆိုင်းဘုတ်များစိုက်ထူမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် (ACF) အဖွဲ့တို့ပူးပေါင်း၍ (၂၅-၅-၂၀၁၆) ရက်နေ့တွင် မင်းပြားမြို့၊မြို့တွင်း (၄) နေရာတွင် မုတ်သုန်အကြိုကာလ အတွက် သဘာဝဘေးအန္တရာယ်အသိပညာပေးဆိုင်းဘုတ်များကို စိုက်ထူပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ သန္တိသုခဓမ္မာရုံ၌ ထပ်မံရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများ အိမ်ထောင်စု (၃) စု မှ လူဦးရေ (၁၀) ဦး အတွက်ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု (၃) စုစာနှင့် လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၂၁,၀၀၀ိ/-)ကျပ်တို့အား (၂၅-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
