Author Archives: Department of Disaster Management

  • ချင်းပြည်နယ်ဦးစီးမှူးရုံးမှ မြေပြိုဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်၊ ဟားမြို့ ရပ်ကွက်များတွင် မြေပြိုဘေးသင့် အိမ်ခြေ(၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၇၇၇၀၀)ကျပ်နှင့် လေဘေးသင့် အိမ်ခြေ (၁၆)လုံးအတွက်  ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၂၄၀,၀၀၀) ကျပ် အား (၂-၆-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

  • လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းသည် ပြည်သူလူထုအတွက် အကျိုးများစွာ ဖြစ်ပေါ်စေသော ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတစ်ခုဖြစ်သဖြင့် မဖြစ်မနေဆောင်ရွက်ရန်လိုအပ်

    အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ပြည်သူလူထု လူမှုစီးပွားဖွံဖြိုးတိုးတက်ရေးအတွက် ရေရှည်တည်တံ့သော လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများကို အသုံးပြုကာ ဥပဒေပြုမဏ္ဍိုင်ဖြစ်သော လွှတ်တော်က ပြည်သူ့ကိုယ်စားလှယ်များမှတဆင့် ဥပဒေပြဌာန်းခြင်း၊ ရန်ပုံငွေစိစစ်ခြင်းဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၇ခုနှစ်၊ ဇွန်လ (၂)ရက်နေ့တွင် လွှတ်တော်ဝန်းအတွင်းရှိ သဘင်ဆောင်၌ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဆင့်မြင့် အရာ ရှိကြီးများထံသို့ ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က တက်ရောက်အမှာစကား ပြောကြားရာတွင် … Read more

  • ဆိုင်ကလုန်းမုန်တိုင်း “မိုရာ”ကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများနှင့် ထောက်ပံ့မှုအခြေအနေများ (၂-၆-၂၀၁၇နေ့ စာရင်း)

    (၃၀-၅-၂၀၁၇)နေ့တွင်ဆိုင်ကလုန်းမုန်တိုင်း”မိုရာ”တိုက်ခတ်မှုကြောင့် (၂-၆-၂၀၁၇)နေ့တွင် ရရှိသည့် သတင်းအချက် အလက်များအရ ထိခိုက်ပျက်စီးမှုအခြေအနေများမှာ- ရခိုင်ပြည်နယ်တွင်- –     စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ ရသေ့တောင်၊ ပေါက်တော၊ သံတွဲ၊ ပုဏ္ဏားကျွန်း၊ မောင်တော၊ ဘူးသီးတောင်နှင့် တောင်ကုတ် မြို့နယ်များတွင် မုန်တိုင်းဒဏ်ကိုခံစားခဲ့ရပြီးစုစုပေါင်းအိမ်(၁၅၇၃၇)လုံးဘာသာရေးအဆောက်အဦ(၄၈၃)လုံး၊ရုံးအဆောက်အဦး(၃၂)လုံး၊ ၀န်ထမ်းအိမ်ရာ(၁၈)လုံး၊ ဆေးရုံ/ဆေးခန်း(၂၇)ခု၊ စာသင်ကျောင်း(၃၂၂)ကျောင်း၊ IDP Camp (၅)ခု၊ စားသောက်ဆိုင်(၇)ဆိုင်၊ ဆန်စက်(၄)လုံးတို့ ထိခိုက်ပျက်စီးခဲ့ပြီးဓါတ်တိုင်များလဲပြိုခြင်းများဖြစ်ပွားခဲ့ပါသည်။ ချင်းပြည်နယ်တွင်- ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ … Read more

  • သံတွဲမြို့နယ်ရှိ မုန်တိုင်းတိုက်ခတ်မှုဒဏ်ခံစားခဲ့ရသောပြည်သူများအားထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ မော်ရုံကျေးရွာရှိ မိုရာမုန်တိုင်းဒဏ်ခံစားခဲ့ရသော ပြည်သူများအား သွားရောက် ထောက်ပံ့ခဲ့ရာ အမိုးလန်အိမ်ခြေ (၂၃)လုံးအတွက် ထောက်ပံ့ငွေ (၂၃၀၀၀၀)ကျပ်ကိုလည်းကောင်း၊ လုံးဝပြိုလဲအိမ်ခြေ (၃)လုံးအတွက် (၃၀၀၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးကိုလည်းကောင်း၊ အမိုးလန်သွားသောဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀၀၀)ကျပ်ကိုလည်းကောင်း၊ လူဦးရေ (၈၃)ဦး အတွက် ဆန်ရိက္ခာဖိုး (၁၇၄၃၀၀)ကျပ်ကိုလည်းကောင်း၊ ဂွမြို့နယ်၊ ဂျိုင်းကြီးကျေးရွာရှိ အမိုးလန်အိမ်ခြေ (၂၄)လုံးအတွက် ထောက်ပံ့ငွေ (၂၄၀၀၀၀)ကျပ်ကိုလည်းကောင်း၊ လူဦးရေ (၉၉)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၂၀၇၉၀၀)ကျပ်တို့ကို (၂-၆-၂၀၁၇)ရက်နေ့တွင် … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဥယျာဉ်ပရဟိတဂေဟာဘုန်းတော်ကြီးကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို (၂-၆-၂၀၁၇)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သွားရောက်ပြုလုပ်ခဲ့ရာ ကလေးသူငယ်နှင့် ကလေးမိဘများ(၁၀၀)ခန့် တက်ရောက်ခဲ့ကြပြီး ခေါက်ဆွဲခြောက်၊ ပိုစတာ၊ လက်ကမ်းစာစောင်နှင့်အဝတ်ထုပ် များလျူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၅-၂၀၁၇)ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ နတ်ချောင်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီး လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုုး၊ တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုုးအား (၂၇-၅-၂၀၁၇)ရက်နေ့ တွင် မြောက်ဦးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့လွှဲပြောင်းထောက်ပံ့ပေးခဲ့ပြီး လုံးဝပျက်စီး လူနေအိမ် (၁) လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ် (၂)လုံး၊ အိမ်ထောင်စု (၃) စုအတွက် အတွက် ဆန်ရိက္ခာဖိုးနှင့် … Read more

Sign Up

Upcoming Events