သံတွဲမြို့နယ်ရှိ မုန်တိုင်းတိုက်ခတ်မှုဒဏ်ခံစားခဲ့ရသောပြည်သူများအားထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ မော်ရုံကျေးရွာရှိ မိုရာမုန်တိုင်းဒဏ်ခံစားခဲ့ရသော ပြည်သူများအား သွားရောက် ထောက်ပံ့ခဲ့ရာ အမိုးလန်အိမ်ခြေ (၂၃)လုံးအတွက် ထောက်ပံ့ငွေ (၂၃၀၀၀၀)ကျပ်ကိုလည်းကောင်း၊ လုံးဝပြိုလဲအိမ်ခြေ (၃)လုံးအတွက် (၃၀၀၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးကိုလည်းကောင်း၊ အမိုးလန်သွားသောဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀၀၀)ကျပ်ကိုလည်းကောင်း၊ လူဦးရေ (၈၃)ဦး အတွက် ဆန်ရိက္ခာဖိုး (၁၇၄၃၀၀)ကျပ်ကိုလည်းကောင်း၊ ဂွမြို့နယ်၊ ဂျိုင်းကြီးကျေးရွာရှိ အမိုးလန်အိမ်ခြေ (၂၄)လုံးအတွက် ထောက်ပံ့ငွေ (၂၄၀၀၀၀)ကျပ်ကိုလည်းကောင်း၊ လူဦးရေ (၉၉)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၂၀၇၉၀၀)ကျပ်တို့ကို (၂-၆-၂၀၁၇)ရက်နေ့တွင် သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events