– စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ ရသေ့တောင်၊ ပေါက်တော၊ သံတွဲ၊ ပုဏ္ဏားကျွန်း၊ မောင်တော၊ ဘူးသီးတောင်နှင့် တောင်ကုတ် မြို့နယ်များတွင် မုန်တိုင်းဒဏ်ကိုခံစားခဲ့ရပြီးစုစုပေါင်းအိမ်(၁၅၇၃၇)လုံးဘာသာရေးအဆောက်အဦ(၄၈၃)လုံး၊ရုံးအဆောက်အဦး(၃၂)လုံး၊ ၀န်ထမ်းအိမ်ရာ(၁၈)လုံး၊ ဆေးရုံ/ဆေးခန်း(၂၇)ခု၊ စာသင်ကျောင်း(၃၂၂)ကျောင်း၊ IDP Camp (၅)ခု၊ စားသောက်ဆိုင်(၇)ဆိုင်၊ ဆန်စက်(၄)လုံးတို့ ထိခိုက်ပျက်စီးခဲ့ပြီးဓါတ်တိုင်များလဲပြိုခြင်းများဖြစ်ပွားခဲ့ပါသည်။