Author Archives: Department of Disaster Management

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်သည့်သတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မကျီးပင်ပုကျေးရွာအုပ်စု၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေဌခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန် ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့် စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့် တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး/လက်ကမ်းစာစောင်များ ထည့်သွင်းထားသော DAN … Read more

  • သဘာ၀ဘေးကျရောက်သောဒေသရှိဘေးသင့်ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် အသက်မွေး၀မ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

    သဘာ၀ဘေးကျရောက်သော‌ဒေသရှိ ဘေးသင့်ပြည်သူများ၏ အလုပ်အကိုင်အခွင့် အလမ်းနှင့် အသက်မွေး၀မ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအ‌ဝေးကို  ယနေ့မွန်းလွဲပိုင်းက  လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး၀န်ကြီးဌာန၊ ၀န်ကြီးရုံးအစည်းအ‌ဝေးခန်းမတွင်  အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ အမျိုးသားသဘာ၀ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီနှင့် ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအ‌ဝေးသို့ ပြည်ထဲရေး၀န်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန နှင့်   လူမှု၀န်ထမ်း၊ … Read more

  • လေပြင်းဘေးအတွက်ထောက်ပံ့မှုသတင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ ဇင်ပြွန်းကုန်းကျေးရွာ တွင်(၁၂-၆-၂၀၁၇)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဝါးအိမ်၊ သွပ်မိုး၊ထရံကာ နေအိမ် (၃) လုံးနှင့် သစ်အိမ်၊ သွပ်မိုး၊ သစ်ကာနေအိမ် (၂) လုံး အမိုးလန်ပျက်စီးခဲ့ရာ စုစုပေါင်းအမိုးလန်နေအိမ် (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၅) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀)ကျပ်၊ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၂၇၃၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၉၇၃၀၀) ကျပ်အား (၁၃-၅-၂၀၁၇) … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၆-၂၀၁၇) ရက်နေ့တွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံဖြိုးရေး သင်တန်းကျောင်း(သထုံ) တွင် ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးအား သဘာဝဘေးအန္တရာယ် နှင့်စပ်လျဉ်းသည့်အကြောင်းအရာများ ဆွေးနွေးဟောပြောခဲ့ကာ လက်ကမ်းစာစောင်များနှင့်ပိုစတာများ ဝေငှခဲ့ကြောင်းသတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်း သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

      (၁၀-၆-၂၀၁၇) ရက်နေ့၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့သစ်မြို့နယ်၊ သားမျှားကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးမကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီး နောက်ဆောင်ရွက်ရမည့် ဆောင်ရန်၊ရှောင်ရန်များကို ရှင်းလင်းပြောပြပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် DAN Mobile Application အား ကျေးရွာသူ/ ကျေးရွာသားများ၏ လက်ကိုင်ဖုန်းများအတွင်း ထည့်သွင်းပေးခဲ့ပြီး အသုံးပြုပုံများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၆-၂၀၁၇)ရက်နေ့တွင် ထားဝယ်မြို့၊ သူနာပြုသင်တန်းကျောင်းတွင် သင်တန်းသား (၁၅၀) ဦးအား သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောခဲ့ပြီး ပိုစတာများ၊ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်များအား ထောက်ပံ့မှုသတင်း

    ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ စမ်းမြိုင်အေးကျေးရွာအုပ်စုနှင့် ချောင်းဇောက်ကျေးရွာအုပ်စု တို့တွင် (၂၄-၅-၂၀၁၇)ရက်နေ့က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၁၁)လုံး အမိုးလန် ပျက်စီးခဲ့ပါသည်။ အဆိုပါ အမိုးလန်သွားသောအိမ်ခြေများမှ မိသားစုများအတွက် ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သွားရောက် ထောက်ပံ့ခဲ့ရာ အိမ်ထောင်စု(၁၁)စုစာ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ စုစုပေါင်း (၃၇၄၅၀၀) ကျပ်ကို ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၇-၆-၂၀၁၇)ရက်နေ့တွင် သွားရောက်ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events