Author Archives: Department of Disaster Management

  • မကွေးတိုင်းဒေသကြီးအတွင်း ကမ်းပါးပြိုဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာ၌ (၄-၇-၂၀၁၇) ရက်နေ့ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၈) ဦးအတွက် အိမ်ထောင်စု (၃) စုစာ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀ိ/-)၊ နှင့် ဆန်ရိက္ခာဖိုး (၃၇၈၀၀ိ/-) ကျပ်၊ စုစုပေါင်း (၃၃၇၈၀၀ိ/-)၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကျေးရွာအုပ်စု၊ ကျွန်းညိုရွာသစ်ကျေးရွာတွင် (၄-၇-၂၀၁၇) ရက်နေ့ … Read more

  • ကမ်းပါးပြိုဘေးနှင့် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ နန်းဇလိန်ကျေးရွာ၌ (၄- ၇-၂၀၁၇) နေ့တွင် ချင်းတွင်းမြစ် ကမ်းပါးပြိုကျမှုကြောင့် နေအိမ်(၁) လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁၀)ဦး ပြောင်းရွှေ့ခဲ့ရမှု အတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုးနှင့်အတူ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀) အား ကလေးခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၇-၇-၂၀၁၇) နေ့တွင် ကလေးဝမြို့နယ်ထွေ/အုပ်ရုံးသို့ သွားရောက််ခဲ့ပြီး ဒုမြို့နယ်အုပ်ချုပ်ရေးမှူးမှှတဆင့် လွှဲပြောင်းထောက်ပံပေးခဲ့ပြီး ကလေးဝမြို့နယ်၊ ဂဇက်ကျေးရွာ၊ အုန်းပင်စုကျေးရွာနှင့် ဆင်ခေါင်းကျေးရွာတို့၌ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် (၆- ၇- ၂၀၁၇) နေ့တွင် အိမ်ခြေ (၈) လုံး၊ အိမ်ထောင်စု (၈) … Read more

  • ချင်းတွင်းမြစ်ရေတိုးမှုကြောင့် ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    (၅.၇.၂၀၁၇)ရက်နေ့တွင် မော်လိုက်မြို့နယ်အတွင်း ချင်းတွင်းမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွေ့အိမ်ထောင်စုု (၂၁) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးနှင့် လူဦးရေ(၁၀၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ခုနှစ်ရက်စာ (၂၁၀၀၀၀) ကျပ်၊ ရေဘေးရှောင်စခန်း မြို့မကျောင်းတိုက်နှင့် အားကာခန်းမတွင် မော်လိုက်မြို့စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် ကယ်ဆယ်ရေးရုံးမှ တာဝန်ရှိသူများ (၆.၇.၂၀၁၇)နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များမှ ခေါက်ဆွဲခြောက်၊ ရေသန့်၊ ကြက်ဥ၊ ငါးသေတ္တာများ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

  • ချင်းတွင်းမြစ်ရေတိုးမှုကြောင့် ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    ခန္တီးခရိုင်ဦးစီးမှူးရုံးမှ ခန္တီးမြို့နယ်အတွင်း (၂၀၁၇ )ခုနှစ် ဇူလိုင်လအတွင်း ချင်းတွင်းမြစ်ရေတိုးမှုကြောင့် (၆-၇-၂၀၁၇) နေ့တွင်ပြောင်းရွှေ့ခဲ့ရသော ဘေးသင့်ပြည်သူ အိမ်ထောင်စု (၇၄) စု လူဦးရေ (၃၇၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅ )မျိုး (၇၄ )အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၇၈၃၃၀၀ိ/- )ကျပ်တ်ို့ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့်အတူ (၇-၇-၂၀၁၇) နေ့ (၁၆းဝ၀) အချိန်တွင် သက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်း များသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း (၄)

    ၁။        မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ(၇-၇-၂၀၁၇)နေ့(၁၁း၀၀)အချိန် ထုတ်ပြန်ချက် အရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့တို့တွင် ၎င်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက် ကျော်လွန်နေကြောင်းနှင့် ချင်းတွင်းမြစ်တလျောက်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုထုတ်ပြန်ထားပါသည်။ ၂။        သို့ပါ၍ ပြည်သူလူထုများအနေဖြင့်လည်း ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အောက်ဖော်ပြပါ ကြိုတင်စီမံပြင်ဆင်ထားမှုများ ဆောင်ရွက်ထားနိုင်ပါရန် အကြံပြုအပ်ပါသည်- (က)     မိုးလေ၀သသတင်းများကို စဥ်ဆက်မပြတ်နားထောင်ပါ။ မိသားစု၀င်အချင်းချင်းသော် လည်းကောင်း၊ အိမ်နီးချင်းများနှင့်သော်လည်းကောင်း ဆက်သွယ်နိုင်မည့်ဖုန်းများ၊ အရေးပေါ်ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ အဆင်သင့်ရှိနေပါစေ။ ( … Read more

  • မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြိ့ုနယ်ကျေးရွာ (၄) ရွာမှ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၄၄)လုံးတို့ကို ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိဲုမှုဘေးမှ လွတ်ကင်းသောနေရာသို့(၆.၇.၂၀၁၇)ရက်နေ့ကပြောင်းရွေ့ပေးခဲ့ပါသည်။ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ကယ်ဆယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/) အိမ်ဆောက်ပစ္စည်းဖိုး (၄၄၀၀၀၀၀ိ)၊ လူဦးရေ (၁၈၆) ဦးအတွက် ဆန်(၇)ရက်စာ (၃၉၀၆၀၀ိ/)၊ ကယ်ဆယ်ရေးပစ္စည်း (၇)မျိုး (၄၄) အိမ်ထောင်စုစာတို့ကို (၇.၇.၂၀၁၇) ရက်နေ့က မြိ်ုနယ်ထွေအုပ်ရုံးမှတဆင့် ပြည်သူများထံသို့ထောက်ပ့ံခဲ့ကြောင်း သတင်းရရှိပါသည်။

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၇-၂၀၁၇)ရက်နေ့တွင် နမ္မတူမြို့နယ်အတွင်းဖြစ်ပွားသော တိုက်ပွဲများကြောင့် နမ္မတူမြို့ကယ်ဆယ်ရေးစခန်းများသို့ရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၇၈) စုမှ လူဦးရေ ကျား (၁၃၂)ဦး၊ မ (၁၅၈)ဦး၊ စုစုပေါင်း (၂၉၀)ဦးတို့အား ဆန်ရိက္ခာ (၁၄) ရက်စာဖိုးငွေ (၁၂၁,၈၀၀ိ/-)၊ တစ်အိမ်ထောင်လျှင် ဆီ (၅၀)သား ဖိုးငွေ(၁၅၆,၀၀၀ိ/-)ကျပ်၊ ငါးသေတ္တာ (၃) ဗူးစီအတွက် (၂၇,၃၀၀ိ/-) ကျပ် နှင့် ပလပ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးစီတို့အား (၆-၇-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events