Author Archives: Department of Disaster Management

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၂-၉-၂၀၁၇) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာ၌ သဘာဝ ဘေးအသိပညာပေးဟောပြောပွဲဆွေးနွေးကျင်းပခဲ့ရာ လူဦးရေ (၁၅၀) ဦး တက်ရောက်ခဲ့ ပြီး တက်ရောက်လာသူများအား  သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၁၇) ရက်နေ့ နေ့လည်ပိုင်းတွင် လှိုင်းဘွဲမြို့နယ်၊ မဲလောင်းကြီးကျေးရွာရှိ ပြည်သူလူထု (၁၅၀) ဦးအား မဲလောင်းကြီးဘုန်းကြီးကျောင်း ဓမ္မာရုံ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • လေပြင်းဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး မှတာဝန်ရှိသူများသည်  တပ်ကုန်းမြို့နယ်၊ ရှားတောအုပ်စု၊ ဂွေးပင်ကျေးရွာ၌ (၁၈-၉-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သောနှစ်ထပ် အိမ်ထရံကာ၊ ပျဉ်ခင်း၊ သွပ်မိုးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀ဝ) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၄,၂၀ဝ) ကျပ်တို့အား (၂၀-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)

  • ရေဘေးထောက်ပံ့မှုသတင်း

    ကလေးခရိုင်ဦးစီးမှူးရုံး(ကဆရ) မှတာဝန်ရှိသူများသည် ချင်းပြည်နယ် မြောက်ပိုင်းနှင့် ဂန့်ဂေါဒေသ၊ ကလေးဒေသတို့တွင် မိုးအဆက်မပြတ်ရွာ သွန်းမှုကြောင့် မြစ်သာမြစ်သည် စိုးရိမ်းအမှတ်ထက်ကျော်လွန်ကာ ကလေး မြို့နယ်၊ ကျေးရွာ (၁၁) ရွာနှင့် ရပ်ကွက် (၆) ခုတို့တွင် မြစ်ရေဝင်ရောက် မှုကြောင့် ရေဘေးရှောင် ကယ်ဆယ်ရေးစခန်း (၁၇) ခုတို့၌ ရေဘေးရှောင် အိမ်ထောင်စု (၁၀၃၈) စုနှင့် လူဦးရေ (၄၆၃၅) ဦးတို့အတွက် ဆန်ဖိုးငွေ စုစုပေါင်း (၉၇၃၃၅၀ဝိ/-) အား (၂၀-၉-၂၀၁၇) ရက်နေ့တွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တို့နှင့်အတူ … Read more

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ (၆ – ၈ -၂၀၁၇) ရက်နေ့ တွင် ဘုရားကုန်း ကျေးရွာချောင်းရေစီးကြောင်းအတွင်းမျောပါသေဆုံးသွားသူ  (၁)  ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အား (၁၉-၉-၂၀၁၇) ရက်နေ့တွင် သေဆုံးသူ၏ မိသားစုထံသို့သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)

  • ရေဘေးသင့်ပြည်သူများထောက်ပံ့ပေးနေမှု ကနဦးသတင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်းရှိ ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကလေးခရိုင်ရုံးမှ ရေဘေးရှောင်ပြည်သူတစ်ဦးလျှင် ၂၁၀၀ ကျပ်နှုန်းစီဖြင့် တစ်ပတ်စာအတွက် ထောက်ပံ့ပေးခြင်းကို စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက ချင်းရေးရာဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံကိန်းဦးစီးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ကလေးခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးတို့က အမှတ်(၁၅)အခြေခံ ပညာမူလတန်းလွန်ကျောင်းနှင့် အောင်မြေမာန်ရပ်ကွက် ဒီပက္ခရာဘုန်းတော်ကြီးကျောင်းရှိ ကယ်ဆယ်ရေးစခန်းသို့ ဆန်ဖိုးငွေများ သွားရောက်ထောက်ပံ့ပေးပြီး အားပေးစကားပြောကြားလျှက်ရှိကြောင်း ကနဦးသတင်းရရှိပါသည်။  

  • မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်      မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ကုလားမချောင်ကျေးရွာနှင့် အထက်ကဇင်းတောကျေးရွာ၌ (၉-၉-၂၀၁၇)၇က်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ နေအိမ်(၇)လုံး၊ အိမ်ထောင်စု (၇)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၇၀၀,၀၀၀)နှင့် လူဦးရေ (၂၇)ဦးစာအတွက် ဆန်ရိက္ခာတန်ဖိုးငွေ  (၅၆,၇၀၀) စုစုပေါင်းတန်ဖိုးငွေကျပ် (၇၅၆,၇၀၀) အား (၁၈-၉-၂၀၁၇)၇က်နေ့တွင် ပန်းတနော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

  • မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

      ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ပြည်တော်သာကျေးရွာ၌ (၉-၉-၂၀၁၇)၇က်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ နေအိမ်(၃၈)လုံး၊ အိမ်ထောင်စု (၃၈)စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၃,၈၀၀,၀၀၀)နှင့် လူဦးရေ  (၁၄၄)ဦးစာ ဆန်ရိက္ခာတန်ဖိုးငွေ (၃၀၂,၄၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၄,၁၀၂,၄၀၀) အား (၁၈-၉-၂၀၁၇)၇က်နေ့တွင် ပန်းတနော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

  • မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ရွှေဖလားကျွန်းကျေးရွာ၌ (၁-၉-၂၀၁၇)၇က်နေ့တွင် ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၁၅)လုံး၊ အိမ်ထောင်စု (၁၅)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၁,၅၀၀,၀၀၀)နှင့် လူဦးရေ (၆၂)ဦးစာအတွက် ဆန်ရိက္ခာတန်ဖိုးငွေ (၁၃၀,၂၀၀)၊ စုစုပေါင်း တန်ဖိုးငွေကျပ် (၁,၆၃၀,၂၀၀) အား (၁၈-၉-၂၀၁၇)၇က်နေ့တွင် ပန်းတနော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events