Author Archives: Department of Disaster Management

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၁၂-၂၀၁၇)ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)၊ အမှတ်(ဆ)ရပ်ကွက်တွင်ဖြစ်ပွားသော မီးဘေးတွင် မီးဘေးသင့် အိမ်ထောင်စု(၃)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးနှင့် Hygiene Kit အိမ်ထောင်စု(၃)စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇)ရက်စာအတွက်(၅၀၄၀၀ိ/-)ကျပ်၊ စုစုပေါင်း(၄၅၀၄၀၀ိ/-)ကျပ်အား (၄-၁၂-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ငလျင်ဘေးအသိပညာပေးပိုစတာများဖြန့်ဝေမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၁၂-၂၀၁၇)ရက်နေ့တွင် မုံရွာမြို့ရှိ ကားဂိတ်များ၊ အမြန်ရေယာဉ်ဂိတ်များ၊ ရထားဘူတာများသို့ ငလျင်ဘေးအသိပညာပေး ပိုစတာများကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုဆိုင်ရာ ၂၀၃၀ အစီအစဉ်ကိုဖော်ဆောင်ရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုအလေးထားဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှာကြား

    အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက  နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်းဗင်းရှင်းဗဟိုဌာန(၂)တွင် ကျင်းပပြုလုပ်ရာ မသန်စွမ်းသူများ ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဒုတိယဥက္ကဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးကနှစ်စဉ် ဒီဇင်ဘာလ(၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများ နေ့အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးကဂုဏ်ပြုသတ်မှတ်ထားပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ် သည့်မြန်မာနိုင်ငံအနေဖြင့်ဂုဏ်ပြုကျင်းပခဲ့သည်မှာ(၂၄)ကြိမ်တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ Transformation towards sustainable and resilient society for all (စဉ်ဆက် မပြတ်ဖွံ့ဖြိုးဖို့ခံနိုင်စွမ်းသောလူ့ဘောင်သို့အားလုံးပါဝင်ပြောင်းလဲစို့) ဖြစ်ပါကြောင်း၊ မသန်စွမ်းသူ များ၏ အကျိုးကိုဖော်ဆော်ပေးနိုင်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်၍ အစဉ်အလာအရကျင်းပခြင်းထက် ပိုပြီးအဓိပ္ပါယ်ရှိပါကြောင်း၊ ကမ္ဘာ့လူဦးရေ၏(၁)ဘီလီလျံကျော်သည် … Read more

  • မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၁-၂၀၁၇)ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးအိမ်ခြေ(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် (၉၀၀,၀၀၀)၊ ဘေးသင့်လူဦးရေ (၄၇)ဦးအတွက် ဆန်ရိက္ခာတန်ဖိုး (၇)ရက်စာ ငွေကျပ် (၉၈,၇၀၀)နှင့် အိမ်ထောင်စု(၁၄)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးနှင့် Hygiene Kits (၁၄)စုံ တို့အား (၁-၁၂-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၂-၂၀၁၇)ရက်နေ့တွင် သူနာပြုသင်တန်းကျောင်း၊ မန္တလေးမြို့သို့သွားရောက်၍ သဘာဝဘေးအန္တရာယ်နှင့် ပတ်သတ်၍ ရှောင်ရန်/ဆောင်ရန်အချက်များ၊ ကြိုတင်ကာကွယ်ခြင်းများ၊ ကြိုတင်ပြင်ဆင်ခြင်းများ၊ သဘာဝဘေးလျော့ပါးရေးဆောင်ရွက်နိုင်သော နည်းလမ်းများ၊ ပိုးမွှားဘေးအန္တရာယ်များ စသည့်  အသိပညာပေးဆွေးနွေးဟောပြောချခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ သူနာပြုကျောင်းသူ (၂၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events