Author Archives: Department of Disaster Management
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၁၇) ရက်နေ့နှင့် (၁၉-၁၂-၂၀၁၇)ရက်နေ့က ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စု၊ အလယ်စုကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၁၁)စု လူဦးရေ(၅၈) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး – (၁၁) အိမ် ထောင်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁,၁၀၀,၀၀၀)၊ ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၁၂၁,၈၀၀)၊ စုစုပေါင်း ကယ်ဆယ်ရေးထောက်ပံ့ရန်ပုံငွေကျပ် (၁,၂၂၁,၈၀၀) တို့ကို (၂၁-၁၂-၂၀၁၇)ရက် နေ့တွင်သွားရောက် ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၁၇)ရက်နေ့က ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ ခွေးတောက်ချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၁)စု၊ လူဦးရေ (၅) ဦး နှင့် ကံဘတ်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာတွင် (၈.၁၂.၂၀၁၇)၌ ဖြစ်ပွားခဲ့သောကမ်းပြိုဘေးသင့် အိမ်ထောင်စု (၁)စု၊ လူဦးရေ(၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၂၀၀,၀၀၀)၊ ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၂၁,၀၀၀)၊ စုစုပေါင်း ကယ်ဆယ်ရေးထောက်ပံ့ ရန်ပုံငွေကျပ် (၂၂၁,၀၀၀)တို့ကို (၂၁-၁၂-၂၀၁၇)ရက် နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ လက်ပံတန်းကျေးရွာ၌ (၁၄-၁၂-၂၀၁၇) ရက်နေ့ နှင့် (၁၉-၁၂-၂၀၁၇)တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျ၍ ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု (၈) စု၊ လူဦးရေ (၃၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၈၀၀,၀၀၀)၊ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၇၅,၆၀၀) တို့အား (၂၁-၁၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၁၇)ရက်နေ့ ကျောက်ဖြူခရိုင်၊ စနဲမြို့၊ တောင်ငူစုရပ်ကွက် ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီးပြန်လည်ထူထောင်ရေးကိစ္စများအား အပြန်အလှန်ဆွေးနွေးခြင်း၊ သဘာဝဘေးများနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးပို့ချခြင်းများ ပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ရပ်ရွာနေပြည်သူများ(၆၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အရာတော်မြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာနခန်းမတွင် (၂၀-၁၂-၂၀၁၇)ရက်နေ့က သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ် လူငယ်(ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁ /၂၀၁၇)ကို ဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၁၇ )ရက်နေ့ မှ(၂၂-၁၂-၂၀၁၇) ရက်အထိ မြိတ်ခရိုင်၊ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၇/၂၀၁၇)အားသင်တန်းသား/သူ(၃၁)ဦး နှင့် ဌာနဆိုင်ရာ အရာထမ်း၊အမှုထမ်း (၂၀)ဦး စုစုပေါင်း (၅၁)ဦး ဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၁၂-၂၀၁၇) ရက်နေ့မှ (၂၂-၁၂-၂၀၁၇)ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ အထက(၁)၊ အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမတွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၁၇)အား စေတနာ့ဝန်ထမ်းလူငယ် (၃၀)ဦးဖြင့် (၂၀-၁၂-၂၀၁၇) ရက်နေ့ နံနက် (၀၉:၀၀)နာရီတွင် ဖွင့်လှစ်ခဲ့ရာ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများ စုစုပေါင်း (၁၆၂)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၁၇)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ တပ်ကြီးကျေးရွာတွင် ကျေးရွာနေပြည်သူ (၁၅၀)ဦးခန့်အားလည်းကောင်း၊ ဘနောကျေးရွာတွင် ကျေးရွာနေပြည်သူ (၁၀၀) ဦးခန့်အား လည်းကောင်း ကျေးရွာအတွင်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ တွေ့ကြုံခံစားခဲ့ရမှုများအား မေးမြန်းဆွေးနွေးအကြံပြုခြင်း၊ သဘာဝဘေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများဖြန့်ဝေခြင်း၊ ကျေးရွာအတွင်း သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများအား အတူတကွဆွေးနွေးခြင်း၊ ရာသီဥတုပြောင်းလဲမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ အသိပညာပေးခြင်းများကိုဆောင်ရွက်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ/ ပိုစတာများနှင့် အမှတ်တရပစ္စည်းများပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ရေဘေးဇာတ်တိုက်လေ့ကျင့် လှုပ်ရှားမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများဦးဆောင်၍ (၁၇-၁၂-၂၀၁၇) ရက်နေ့က ကော့သောင်းမြို့၊ အောင်ဘာကျေးရွာတွင် ရပ်ရွာနေပြည်သူများပါဝင်၍ ရေဘေးကြုံတွေ့ရပါက ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေနစ်သူများအား ကယ်ဆယ်ပြီးပါက ရှေးဦးသူနာပြုစုနည်းများ၊ ရေဘေးဇာတ်တိုက်လေ့ကျင့်လှုပ်ရှားမှု ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၁၇)ရက်နေ့က တောင်ငူခရိုင်၊ တောင်ငူမြို့၊ (၁၈)ရပ်ကွက် စမ်းသီတာလမ်းတွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင် (၁)အိမ်စာအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၂၀၀,၀၀၀)၊ ဆန်ဖိုးတန်ဖိုးငွေကျပ် (၆,၃၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း( ၁) အိမ်ထောင်စာတို့အား (၁၈-၁၂-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
