Author Archives: Department of Disaster Management
-
နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ထောက်ပံ့ပေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခန္တီးခရိုင်ဦးစီးမှူးရုံးမှ နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၁၆-၂-၂၀၁၈) နေ့တွင် ပြောင်းရွှေ့တဲအိမ် (၁၉) လုံးအတွက် တစ်တဲလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၅၇၀၀၀၀) ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source : ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သစ်ကိုင်းကျိုးမှုကြောင့် ပျက်စီးဆုံးရှုံးသည့်နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ မြို့ပတ် (၁) လမ်းတွင် (၁၅-၂-၂၀၁၈ )ရက်နေ့၌ သစ်ကိုင်းကျိုး ကျခဲ့ရာမှ လူနေအိမ် ၃ လုံးထိခိုက်၍အချို့ပျက်စီးခဲ့ရာ (၁၆.၂.၂၀၁၈) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တစ်ချို့တစ်ဝက် ပျက်စီးခဲ့သော နေအိမ် (၃) လုံးအတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်အား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူး၊ အမှတ် (၅) ရပ်ကွက် အုပ်ချုပ် ရေးမှူးတို့မှ … Read more
-
မြေငလျင်၊ မီးဘေးအန္တရာယ်ဟောပြောပွဲနှင့် သရုပ်ပြပွဲများ ကျင်းပပြုလုပ်မှုသတင်း
(၁၆-၂-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဦးစီးပြီး မီးသတ်ဦးစီးဌာန၊မြန်မာနိုင်ငံမြေငလျင်ကော်မတီနှင့် UN-Habitat တို့ပူးပေါင်းပြီး မြန်မာနိုင်ငံကုန်သည် များ နှင် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ UMFCCI ရုံး၊ မင်းရဲကျော်စွာလမ်း ၊ လမ်းမတော်မြို့နယ်တွင် ကုမ္ပဏီများ၊ ဟိုတယ်နှင့် ကိုယ်ပိုင်ဆေးရုံများမှ ဝန်ထမ်း (၁၅၀)ဦးခန့်အား မြေငလျင်၊ မီးဘေးအန္တရာယ် ဟောပြောပွဲနှင့် သရုပ်ပြပွဲအား ပြုလုပ်ပေးခဲ့ပါကြောင်း သိရှိရပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ဟင်္သာတခရိုင်အတွင်း ကမ်းပြိုဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းကျေးရွာအုပ်စု ရေလယ်ကျွန်းကျေးရွာ (၁၄-၂-၂၀၁၈)နေ့ဖြစ်ပွားသော ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရသော ကမ်းပြိုဘေးသင့်အိမ်ထောင်စု (၁၈) စုအား ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (တန်ဖိုး-၁၈၅၁၀၀ိ/-) ကို (၁၆-၂-၂၀၁၈) နေ့တွင် ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်၍ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်း ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅ – ၂ – ၂၀၁၈) ရက်နေ့တွင် မအူပင်မြို့နယ်၊ တလုပ်လပ်အရှေ့ကျေးရွာ၌ သဘာဝအသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/ ကျေးရွာသား စုစုပေါင်း လူဦးရေ (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် မုန့်များဝေဌပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင် မြို့၊ ဘိုကုန်းရပ်ကွက်တွင် (၁၃-၂-၂၀၁၈) ရက်နေ့့၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့ ရသောနေအိမ် (၂) လုံး ၊ ဒဏ်ရာရလူနာတစ်ဦးနှင့် ဘေးသင့်လူဦးရေ (၁၀) ဦးအတွက် တစ်ပတ်စာ ဆန်ဖိုးငွေ (၂၁၀၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀) ကျပ် ၊ Family Kit (၂) ထုပ်၊ ပလစ်စတစ်ပုံး (၄) ပုံးနှင့် ဒဏ်ရာရလူနာတစ်ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀) ကျပ်တို့အား (၁၄-၂-၂၀၁၈) တို့ အားထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းတို့ပူးပေါင်း၍ (၁၁-၂-၂၀၁၈)ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ကျေးရွာ၊ ပုဗ္ဗာရုံပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ရပ်မိရပ်ဖများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းနှင့် တက်ရောက်ကြသူများအား ငလျင်ဘေးလက်ကမ်းစာစောင်များ၊ မြေငလျင်နံရံကပ်ပိုစတာများ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ခန္တီးခရိုင်ဦးစီးမှူးရုံးမှ ရွှေ့ပြောင်းပြည်သူများအတွက်ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၁၁-၂-၂၀၁၈) နေ့တွင် ပြောင်းရွှေ့တဲအိမ် (၇) လုံးအတွက် တစ်တဲလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၁၀,၀၀၀) ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၁၈)ရက်နေ့တွင် ကော့သောင်းမြို့၊ သောင်ဖြူကျေးရွာမှ ကျေးရွာနေပြည်သူ (၆၀) ဦးနှင့် ချောင်းစလန်းကျေးရွာမှ ကျေးရွာနေပြည်သူ (၇၀) ဦးတို့အား သဘာဝဘေးအသိပညာများနှင့် ငလျင်ဘေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များ အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိပ်ဖြူမြို့၊ ယောဝရပ်ကွက်၊ ရွှေဂူ ရပ်တွင် (၇-၂-၂၀၁၈) ရက်နေ့၌ မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံး၊ အိမ် ထောင်စု (၁) စု၊ လူဦးရေ (၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၄၇၀၀ိ/-) ကျပ်တို့အား (၈-၂-၂၀၁၈) ရက်နေ့တွင် ဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် … Read more
