ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅ – ၂ – ၂၀၁၈) ရက်နေ့တွင် မအူပင်မြို့နယ်၊ တလုပ်လပ်အရှေ့ကျေးရွာ၌ သဘာဝအသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/ ကျေးရွာသား စုစုပေါင်း လူဦးရေ (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် မုန့်များဝေဌပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)