Author Archives: Department of Disaster Management

  • ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၃-၂၀၁၈)ရက်နေ့တွင် သာပေါင်းမြို့နယ်၊ အောင်တပ်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲအားကျင်းပခဲ့ရာ ကျေးရွာနေပြည်သူ  (၁၈၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းနှင့် တက်ရောက်လာကြသော ပြည်သူများအား ရေသန့်ဆေးထုပ်များ၊ လက်ကမ်းစာစောင်များ၊ ပိုစတာများနှင့် ဗီနိုင်းများ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

  • သရက်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၃-၂၀၁၈) ရက်နေ့ သရက်ခရိုင်၊ သရက်မြို့နယ်၊ ရုံးရပ်ကွက်၊ ကျွန်းသာယာ(၂)၊ ဆက်သွယ်ရေးရုံးလမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ခြေ (၂)လုံး၊ လူဦးရေ (၅)ဦးအတွက် ဆန် (၇)ရက်စာတန်ဖိုး (၁၀,၅၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၃၀၀,၀၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၃၁၀,၅၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး(အိမ်ထောင်စု(၂)စုစာ) တို့အား (၁၁-၃-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး ရုံးသစ်ဖွင့်လှစ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်‌ဦးစီးမှူးရုံးမှတာဝန်‌ရှိသူများသည်‌‌ဘိုက‌‌လေးမြို့နယ်‌ကြက်‌‌ခြေနီအဖွဲ့အ‌ဆောက်‌အဦ‌ရှိရုံးတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုက‌လေးမြို့နယ်‌ဦးစီးမှူးရုံးသစ်အား (၈-၃-၂၀၁၈)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ဒေးဒရဲမြို့နယ်ဦးစီးမှူးရုံး ရုံးသစ်ဖွင့်လှစ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်‌ဦးစီးမှူးရုံးမှတာဝန်‌ရှိသူများသည်‌‌‌ဒေးဒရဲမြို့နယ်‌အ‌ထွေ‌ထွေအုပ်‌ချုပ်‌‌ရေးဦးစီးဌာန၊ အ‌ဆောက်‌အဦ‌ရုံးတွင်‌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒေးဒရဲမြို့နယ်‌ဦးစီးမှူးရုံးအား (၇-၃-၂၀၁၈)ရက်နေ့ က ဦးစီးဌာနဆိုင်းဘုတ်‌တပ်‌ဆင်‌ပြီး ရုံးခန်းသစ်စတင်‌ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိလူငယ်သင်တန်းကျောင်းများမှ ကလေးများနှင့်လူငယ်များ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများထိရောက်စွာအကောင်အထည်ဖော်ရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတွေ့ဆုံတိုက်တွန်း

    ၁၀-၃-၂၀၁၈၊ ရန်ကုန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်ရန်ကုန်တိုင်းဒေသကြီးအတွင်း လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ရောက်ရှိပြီးကလေးငယ်များကို ရင်းနီးစွာ တွေ့ဆုံကာ အသက်မွေးဝမ်းကျောင်း သင်တန်းများ စနစ်တကျ လေ့လာသင်ယူကြရန်၊ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် ကလေးများကို အလုပ်အကိုင်ရရှိရေးအတွက် သက်ဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန်၊ ကလေးငယ်တစ်ဦးချင်းစီ၏ အရည်အသွေး တိုးတက်မှုကို စောင့်ကြည့်ပြီး မှတ်တမ်းထားရှိရန်တို့ကို ပြောကြားခဲ့ပါသည်။ ထို့နောက် အမျိုးသမီးကလေးများသင်တန်းကျောင်းသို့ရောက်ရှိပြီး ကလေးများအတွက် ကျောင်းပညာသင်ကြားရေး၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ လေ့ကျင့်သင်ကြားရေး၊ အကျင့်စာရိတ္တကောင်းမွန်ပြီး မိမိဘာသာ ဘဝရပ်တည်နိုင်ရေးအတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ကလေးများအား မုန့်များဝေငှခြင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြသည့် … Read more

  • ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောပို့ချမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀- ၃-၂၀၁၈)ရက်နေ့ ဘားအံမြို့ စက်မှုဇုန်ရှိ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(Bridge Asia Japan-BAJ)၌ ငလျင်ဘေးအပါအဝင်မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးဟောပြောပွဲပြုလုပ်ရာ အဆိုပါဟောပြောပွဲသို့ သင်တန်းသား (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသော သင်တန်းသားများအား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

  • ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် အတူ  ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ အမှတ်(၂)ရပ်ကွက်တွင် (၉-၃-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ထောင်စု(၁)စု၊ လူဦးရေ (၆)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စုစာ၊ family kit (၁)စုံ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ (၁၂,၆၀၀)ကျပ်၊ စုစုပေါင်းငွေကျပ် (၂၁၂,၆၀၀) တို့အား (၁၀-၃-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

  • ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၃-၂၀၁၈)ရက်နေ့ ရမ်းဗြဲမြို့နယ်၊ သင်္ဘောဆိပ်အုပ်စု၊ တိမ်ပြင်ကျေးရွာ၌ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်/ရှောင်ရန်များရှင်းလင်းခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းများဆောင်ရွက်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ(၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • လေဘေးကြိုတင်ကာကွယ်ရေးစီမံချက်လုပ်ငန်း ကျေးရွာများတွင်ဆောင်ရွက်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၃-၂၀၁၈)ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ပခန်းငယ်ကျေးရွာအုပ်စု၊ ချစ်သူကျေးရွာတွင် လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လူနေအိမ်ပတ်ဝန်းကျင်တွင် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်၏ကြံ့ခိုင်မှုများကို စစ်ဆေး၍ အိမ်များ ပြုပြင်ပေးခြင်း၊ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ လက်ကမ်းစာစောင်များ၊ နံရံကပ် ပိုစတာများပေးအပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ရွှေကန်မြေလူမှုကူညီရေးအသင်း၊ ပုညမုဒိတာ(ကျန်းမာရေးစောင့်ရှောက်မှုနှင့် သွေးလှူအသင်း)၊ ကျေးရွာနေပြည်သူများနှင့်အတူ ဆောင်ရွက်လျှက် ရှိကြောင်းနှင့် လေဘေးဒဏ်ခံနိုင်ရည်မရှိသော အဆောက်အဦးများအနေဖြင့် ၂၀၁၇ ခုနှစ်၊ မေလတွင် လေဘေးဒဏ်ခံစားခဲ့ရသည့်အိမ်ခြေစာရင်းများပေါ်တွင် မူတည်၍ စာရင်းဇယားများရယူ ဆောင်ရွက်ခြင်းများပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

  • မိုင်းအန္တရာယ်ကြောင့်ထိခိုက်ဒဏ်ရာရသူများနှင့် မသန်စွမ်းသူများအတွက် ရွှေကျင်မြို့နယ်တွင် ပြည်ထောင်စုုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ထောက်ပံငွေပေးအပ်ပွဲကျင်းပ

    ၉.၃.၂၀၁၈၊ ပဲခူးတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်၊ တောင်ငူ၊ ဖြူး၊ ရေတာရှည်၊ ကျောက်တံခါးမြို့နယ် များတွင် နေထိုင်ကြသော မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် မသန်စွမ်း သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ရွှေကျင်မြို့၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက “ယနေ့ကျင်းပသောအခမ်းအနားသည် မသန်သော်လည်း စွမ်းကြသော ပြည်သူများအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့မှုများပြုလုပ်ပေးခြင်း ဖြစ်ပြီးမသန်စွမ်းများ၏ ရပ်တည်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် အခွင့်အရေးရရှိခြင်းများကို အသိအမှတ်ပြုခြင်းဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် … Read more

Sign Up

Upcoming Events