Author Archives: Department of Disaster Management

  • ကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟသာၤတမြို့နယ်၊ ပဲကြီးကျွန်း အုပ်စု ရှိ ရေလည်ကျွန်းကျေးရွာ မြို့ကွင်းအုပ်စုရှိ အလယ်စုကျေးရွာနှင့် အင်္ဂရမ်းအုပ်စုရှိ ဥသျှစ်ကုန်းကျေး ရွာတို့၌ (၂၇-၉-၂၀၁၈) ရက်နေ့မှ (၃.၁၀.၂၀၁၈) ရက်နေ့ထိ ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက် သိမ်းပြောင်းရွှေ့နေအိမ် (၂၇) လုံး၊ အိမ်ထောင်စု (၂၇) စုရှိ လူဦးရေ (၁၃၆) ဦးတို့အတွက် (၄၉၉,၇၇၀/-) ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၇) … Read more

  • ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာ စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်သူများ သဘာဝဘေး အန္တရာယ် အသိပညာတိုးပွားစေရေးအတွက် ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာအား (၇-၁၀-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၊ ဆေးရုံလမ်းနှင့် ရန်ကုန်ပြည်လမ်းဆုံနေရာ၌ စိုက်ထူခဲ့ကြောင်းသတင်း ရရှိပါသည်။ Source:         ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_fld #bgo_oct2018

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာစိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်သူများ သဘာဝဘေး အန္တရာယ် အသိပညာတိုးပွားစေရေးအတွက် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာ အား (၇-၁၀-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံနေရာ၌ စိုက်ထူခဲ့ကြောင်းသတင်းရရှိပါသည်။ Source:         ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_eqk #bgo_oct2018  

  • ကယားပြည်နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့့်ခွဲမှုဦးစီးဌာန၊ (၃.၁၀.၂၀၁၈) ရက်နေ့၊ ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး နေအိမ်များအတွင်း ရေဝင်ရောက်သော လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူကျေးရွာ၊ ဝါရီကောခူကျေးရွာနှင့် ကယားညေးခူ ကျေးရွာများရှိ အိမ်ထောင်စု(၁၃၄)စုမှ လူဦးရေ(၆၆၀)ဦး၊ ဒီးမော့ဆိုမြို့နယ်၊ ဘုရားဖြူကျေးရွာနှင့် ဖောင်းတောကျေးရွာများရှိ အိမ်ထောင်စု(၂၃၀)စုမှ လူဦးရေ(၁၂၂၂)ဦး၊ စုစုပေါင်းအိမ်ထောင်စု(၃၆၄)စုမှ လူဦးရေ(၁၈၈၂)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၃၉၅၂၂၀၀ိ/-)ကျပ်ကို (၅.၁၀.၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #kyh_Oct2018 Source – ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကျောင်းတွင်းအခြေပြု အသိပညာပေးဆွေးနွေးပွဲနှင့် ငလျင်ဘေးအန္တရာယ်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်နေမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် (၇.၁၀.၂၀၁၈) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားတွင် ကျောင်းသား/သူများကို သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအကြောင်း ဟောပြောခြင်း၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး အကြောင်းသိကောင်းစရာများ ဟောပြောခြင်း၊ ကြက်ခြေနီသူနာပြုတပ်ခွဲမှ ရှေးဦးပြုစုခြင်းများဟောပြောခဲ့ပြီး ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းကို အားလုံးပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ အခမ်းအနားသို့ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/မများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း လူငယ်အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်းအင်အား (၂၅၀) ခန့် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း … Read more

  • ကျောင်းတွင်းအခြေပြု အသိပညာပေးဆွေးနွေးပွဲနှင့် ငလျင်ဘေးအန္တရာယ်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်နေမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် (၆.၁၀.၂၀၁၈) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ အောင်သပြေ အခြေခံပညာမူလတန်းလွန် ကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားတွင် ကျောင်းသား/သူများကို သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအကြောင်း ဟောပြောခြင်း၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး အကြောင်းသိကောင်းစရာများ ဟောပြောခြင်း၊ ကြက်ခြေနီသူနာပြုတပ်ခွဲမှ ရှေးဦးပြုစုခြင်းများဟောပြောခဲ့ပြီး ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းကို အားလုံးပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ အခမ်းအနားသို့ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/မများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း လူငယ်အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်းအင်အား (၃၀၀) ခန့် … Read more

  • အသိပညာ‌ပေး‌ ဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာမြို့နယ် ၊ ရေဆိုင်ကျေးရွာအုပ်စု၊ ကန့်ကော်ကုန်းကျေးရွာ၌ (၇-၁၀-၂၀၁၈) ရက်နေ့၊ နံနက် (၀၈း၃၀) နာရီအချိန်မှ (၁၀း၀၀) နာရီအချိန်ထိ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား (၁၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက် လာသူများအား ဘေးရှစ်မျိုးပါ လက်ကမ်းစာစောင်များဖြန်ဝေခြင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ဗီနိုင်းပိုစတာ များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:         လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_oct2018      

  • ဧရာဝတီတိုင်းဒေသကြီးအတွင်း လေဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ့တာဝန်ရှိသူများသည် ၆.၁၀.၂၀၁၈ရက်နေ့ ၁၁း၁၅ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကုန်းစပါယ်ရုံကျေးရွာနှင့် ဖားတူးဗြိုက်ကျေးရွာတို့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ်၁လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် ၁လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း ၁၁မျိုး ၁ပုံး၊ ၁၆မျိုး ၁ပုံး ၅၅၈၆၃ိ၊ အိမ်ဆောက်ပစ္စည်းဖိုး ၁၅၀၀၀ဝိ၊ လူဦးရေ ၆ဦးအတွက် ဆန်ရိက္ခာ ၇ရက်စာ ၁၂၆၀ဝိအား လေဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_Oct2018 Source – … Read more

Sign Up

Upcoming Events