Author Archives: Department of Disaster Management

  • အခြေခံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၁၂.၂၀၁၈) ရက်နေ့(၀၉:၀၀)နာရီတွင် ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌  “အခြေခံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်း”ဖွင့်ပွဲအခန်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဦးစီးမှူး (ဘစမ) က အဖွင့်အမှာစကား ပြောကြား၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်း ဖွင့်ပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ (၂၅) ဦးတက်ရောက်ပြီး ရေနံချောင်းမြို့နယ်အတွင်းမှ သင်တန်းသား/သူ (၅၀) ဦးတို့ တက်ရောက်ခဲ့ရာ သင်တန်းကာလမှာ (၃.၁၂.၂၀၁၈) ရက်နေ့မှ (၇.၁၂.၂၀၁၈) ရက်နေ့အထိ … Read more

  • ဖျာပုံမြို့နယ်အတွင်း ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၁၁-၂၀၁၈)ရက်‌‌နေ့တွင်ဖျာပုံမြို့နယ်၊ မြို့ကုန်‌း‌ကျေးရွာ အုပ်စု၊ ဘုရားကုန်းကျေးရွာတွင်‌‌ကျေးရွာမီးလင်းရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ လှူဒါန်းထားသည့် မီးစက်‌ဖြင်‌့‌ကျေးရွာတစ်ရွာလုံး မီးဖြန့်‌ဝေအသုံးပြု‌နေရာမှပျက်သွားခြင်းကိုပြုပြင်ရန်‌‌ထောက်ပံ့‌ငွေကျပ် (၄၀၀,၀၀၀) တိတိအား ဘုရားကုန်းကျေးရွာမီးလင်းရေး‌ကော်မတီအဖွဲ့သို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ‌ရှေ့တွင် ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ayy_dec2018 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည်(၃၀-၁၁-၂၀၁၈) ရက်‌‌နေ့တွင် ကျိုက်လတ်မြို့နယ်၊ နတ်စဉ်‌‌ကျောင်‌းစု‌ကျေးရွာအုပ်စု၊ နတ်စဉ်‌‌ကျောင်‌းစု ကျေးရွာတွင် (၁၃-၁၁-၂၀၁၈)ရက်‌‌နေ့၌ မီး‌ဘေးဖြစ်ပွားခဲ့သည့်အိမ်‌‌ခြေ (၁) လုံး၊ အိမ်‌‌‌‌ထောင်စု(၁)စုမှလူဦး‌ရေ (၈) ဦးအတွက်ကယ်ဆယ်‌‌ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်‌‌ထောင်စုစာ၊ ဆန်ရိက္ခာဖိုး‌ငွေ (၁၆,၈၀၀) ကျပ်၊ အိမ်‌‌ဆောက်ပစ္စည်းဖိုး‌ငွေ (၁၀၀,၀၀၀) ကျပ်တို့ကို ကျိုက်လတ်မြို့နယ်အ‌ထွေ‌ထွေအုပ်ချုပ်‌‌ရေး ဦးစီးဌာနတွင် တာဝန်ရှိသူ များ၏‌ရှေ့‌မှောက်တွင် ကွင်းဆင်း‌ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #ayy_dec Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more

  • ရသေ့တောင်မြို့နယ်အတွင်း ဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့ တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၈)ရက်နေ့ (၀၃:၃၀)အချိန်၌ ရသေ့တောင်မြို့နယ်၊ ချွတ်ပြင် ကျေးရွာအုပ်စု၊ပိတောက်မြိုင်ကျေးရွာတွင်ဖြစ်ပွားသော တောဆင်ရိုင်းသတ်ဖြတ်သဖြင့်သေဆုံးသွားသည့် ဦးအောင်ထွန်းသိန်း (ဘ)ဦးရွှေလူး၏ မိသားစုထံသို့ ထောက်ပံငွေကျပ်(၃၀၀,၀၀၀)အား ကျေးရွာအုပ်ချုပ်ရေးမှူးရှေ့မှောက်၌ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #rke_nov2018 Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝ‌ဘေးအသိပညာ‌ပေး မြေစိုက်‌ဆိုင်းဘုတ်‌ဗီနိုင်း(ပိုစ်‌စတာ)စိုက်‌ထူမှုသတင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်‌ခရိုင်‌ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည်(၁-၁၂-၂၀၁၈)ရက်‌‌နေ့၊ နံနက် (၀၉:၀၀) နာရီအချိန် တွင် ဗန်းမော်‌မြို့၊ သုံးမိုင်‌ကွက်‌သစ်‌ ဗန်းမော်‌မြစ်‌ကြီးနားကားလမ်းဘေးတွင်‌ သဘာဝ‌ဘေးအသိပညာ‌ပေး မြေစိုက် ဆိုင်းဘုတ်ဗီနိုင်း(ပိုစ်‌စတာ) စိုက်‌ထူခဲ့ကြောင်း သိရှိရပါသည်။ #ar #kcn_nov2018 Source: ဗန်း‌မော်‌ခရိုင်‌ဦးစီးမှူးရုံး(ဘစမ)

  • ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်ရှိ ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကုန်းအုပ်စု၊ သဒ္ဒမ္မကျွန်းနှင့် ကျွန်းကြီးကျေးရွာတို့၌ (၂၆-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းအိမ်ခြေ (၂၈) လုံး၊ လူဦးရေ (၉၈) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၈၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၂၀၅,၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၀၀၅,၈၀၀/-) ကျပ်နှင့် (၅၁၈,၂၈၀/-) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၈) အိမ်ထောင်စုစာအား … Read more

  • ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက်၌ (၂၅-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အား (၂၇-၁၁-၂၀၁၈) ရက်နေ့ (၁၆း၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:         ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #bgo_nov2018

  • ဆူနာမီသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအား ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအဖွဲ့တို့နှင့်ပူးပေါင်း၍ AVSI Foundation Myanmar ၏ပံ့ပိုးမှုဖြင့် လပွတ္တာမြို့နယ်၊ လပွတ္တာလုပ်မြောက်ကျေးရွာအုပ်စု၊ လပွတ္တာလုပ်မြောက်ကျေးရွာ၌ (၂၇-၁၁-၂၀၁၈) ရက်နေ့၊ (၁၂:၀၀) အချိန်တွင် ဆူနာမီသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအား ကျောင်းသား/သူ (၅၀) ဦး၊ ပြည်သူ (၃၀၀) ဦး၊ စုစုပေါင်း (၃၅၀) ဦးခန့်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:         လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #simex_tmi #ayy_nov2018   … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အ.ထ.က (၄) ကျောင်း၌ (၂၇-၁၁-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်မှ (၁၅း၁၅) နာရီအထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းသား/ ကျောင်းသူ (၂၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:         ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_nov2018

Sign Up

Upcoming Events