Author Archives: Thu Thu Han
-
မြေပြိုဘေးထောက်ပံ့ပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာအုပ်စု၊ အင်းဂနီတွင်းကျေးရွတွင် မြေပြိုဘေးသင့်အိမ်ခြေ (၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၄၆)ဦး အတွက် (၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၉၆,၆၀၀/-) ကျပ်နှင့် ဒဏ်ရာရရှိသူ(၂)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) စုစုပေါင်းထောက်ပံ့ငွေ (၁,၀၉၆,၆၀၀) ကျပ်နှင့် အိမ်ထောင်စု (၆)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၆)စု တို့အား (၂၆-၇-၂၀၂၁)ရက်နေ့၊ (၁၃:၃၀)အချိန်တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_lsd #tny_jul2021 Source: … Read more
-
Covid-19 ရောဂါနှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များ အသိပညာပေးမှုသတင်း
လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၁)ရက်နေ့တွင် ကလောမြို့နယ်၊ အင်းနီကျေးရွာ၊ စံကားအင်းကျေးရွာနှင့် တောင်ပတ်ကျေးရွာတို့်တွင် Covid – 19ရောဂါတတိယလှိုင်း ကူးစက်ပျံ့နှံ့မှု ပိုမိုမဖြစ်ပွားေစရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် နှိူးဆော်ခြင်း၊ Covid – 19ရောဂါ အသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask ဝေငှခြင်း အစီအစဉ်တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2021 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး
-
မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံးနှင့် ကျောက်ဆည် မြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် နွားထိုးကြီးမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများသို့ (၂၅-၇-၂၀၂၁) ရက်နေ့တွင် COVID-19 ကူးစက်ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာ ပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_jul2021 Source: နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံး
-
မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပျော်ဘွယ်မြို့နယ်ရှိ ကန်သာကျေးရွာအုပ်စုတွင် ကန်သာကျေးရွာ၊ ပေါ်အင်းကျေးရွာ၊ ခင်ကြီးယကျေးရွာ၊ ညောင်နီပင်ကျေးရွာ၊ ဇဂျမ်းတော်ကျေးရွာအုပ်စုတွင် ဇဂျမ်းတောင်ကျေးရွာ၊ ပန်းတောကျေးရွာ၊ ကျောက်စာကျေးရွာ ပေါင်း ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာ(၇)ရွာသို့ (၂၄-၇-၂၀၂၁) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_jul2021 Source: ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး
-
Covid -19 ရောဂါ ကူးစက်မှုများပြားနေသည့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် Online ဖြင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
(၂-၇-၂၀၂၁)၊ နေပြည်တော် လတ်တလော Covid-19 ရောဂါ ကူးစက်မှုများပြားနေသည့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် Onlineဖြင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးအား (၂.၇.၂၀၂၁)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် လတ်တလော Covid-19 ရောဂါ အဖြစ်များနေသော နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်(၇)မှ ကိုယ်စားလှယ်များက Virtual ဖြင့် တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးမှ … Read more
-
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်အတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် Cyclone Shelter ဆောက်လုပ်ထားရှိမှုအခြေအနေနှင့် ပြည်မူလတန်းကြိုကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအားကြည့်ရှုစစ်ဆေးနေမှုသတင်း
၂၀၂၁ခုနှစ်၊ ဇွန်လ(၁၂) ရက်နေ့ ပြည်မြို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်နှင့်အတူတာဝန်ရှိသူများလိုက်ပါလျက် (၁၁-၆-၂၀၂၁)ရက်နေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့၊ မင်းရပ် ရပ်ကွက်ရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေကျပ်သန်း(၁၀၀)ဖြင့် “Marked Panorama Co., Ltd” က တင်ဒါအောင်မြင်ဆောက်လုပ်ပြီးစီးခဲ့သော အလျား(၉၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၁၈)ပေရှိ Cyclone Shelter ဆောက်လုပ်ထားရှိမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးအောင်မင်း၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ၊ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ခိုလှုံနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် Cyclone Shelter ဆောက်လုပ်ထားရှိမှုအခြေအနေ၊ … Read more
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယခုလတ်တလောဖြစ်ပေါ်နေသော ကူးစက်မြန်ရောဂါ (COVID.19) နှင့်ပတ်သက်၍ (၁၄.၄.၂၀၂၀)ရက်နေ့ ညနေပိုင်းတွင် လင်းခေးမြို့နယ်၊ မြို့ဦးရပ်ကွက်၌ ဗမာ/ ရှမ်း (၂)ဘာသာဖြင့် အသိပညာပေးပန်ကြားပါကြောင်း သတင်းရရှိပါသည်။ Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_apr2020
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ စည်းကမ်းရှိပြီး ကာကွယ်နိုင်ရန် တိုက်တွန်းပြောကြားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၄.၂၀၂၀) ရက်နေ့တွင် မြေကျက်ဆူကျေးရွာစာသင်ကျောင်း၊ မြို့ကြီးကျေးရွာစာသင် ကျောင်း၊ နူံးကြီးကျေးရွာစာသင်ကျောင်း၊ မြောက်နူံးကျေးရွာ စာသင်ကျောင်းများသို့ လွှတ်တော်ကိုယ်စားလှယ် ဒု- မြို့နယ် အုပ်ချုပ်ရေးမှူး ပြန်လှည့်ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဆရာမများ မြောက်နူံးကျေးလက်ကျန်းမာရေး ဌာနခွဲမှ ကြီးကြပ်-၂ ဆရာမ အုပ်စုအုပ်ချုပ်ရေးမှူး ရွာခွဲတာဝန်ခံများ COVID 19 ကာကွယ်ထိန်းချုပ်ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ စာသင်ကျောင်းများအတွင်း ရောက်ရှိနေသူများကို ကျန်းမာရေး အသိပညာပေး ဆွေးနွေးခြင်း အားပေးနှစ်သိမ့်ခြင်း ဒေသန္တရထွက်ရှိထားသည့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းကူညီရန် အားလုံးတစ်ဦးချင်းစီ၏ … Read more
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သံတွဲမြို့နယ် သိမ်ကုန်းကျောင်းနာယကဆရာတော်နှင့် ပူးပေါင်း၍ (၅-၄-၂၀၂၀) ရက်နေ့၊ ည(၁၈:၀၀)နာရီမှ (၂၁:၃၀)နာရီချိန် အထိသံတွဲမြို့နယ်၊ ငပလီမြို့ ဂျိတ္တောရပ်ကွက်၊ မြပြင်ရပ်ကွက်၊ လင်းသာရပ်ကွက်အတွင်း လှည့်လည်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ/ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြားချက် များအား ပြည်သူလူထုသို့ အသိပညာပေးလှည့်လည် ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၃-၃-၂၀၂၀)ရက်နေ့ နံနက်(၁၀း၀၀) အချိန်မှ (၁၁း၀၀)အချိန်အထိ ကျောက်ဖြူမြို့နယ်၊ စေတီတောင်ရပ်ကွတ်တွင် COVID-19 ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှုးရုံး (ဘစမ) #ar #rke_apr2020
