Author Archives: RRD

  • မွန်ပြည်နယ်၊ သထုံခရိုင်၊ အ.ထ.က ဇင်းကျိုက်တွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း

    (၂၁-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် မြန်မာနိုင်ငံတွင် လက်တလောဖြစ်ပွားနေ သည့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေ လျှံခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုး ပစ်ခတ်ခြင်း စသည်များဖြစ်ပေါ် လျက်ရှိရာ မွန်ပြည်နယ် အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/ ကျောင်းသူ များ အနေဖြင့် သဘာဝဘေးအန္တရာယ် များဖြစ်ပွားလာပါက လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန် ကိစ္စများ၊ ကြိုတင် ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာ အသိပညာဗဟုသုတ ရရှိစေရေးအတွက် အ.ထ.က … Read more

  • မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အ.ထ.က (၂) တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အ.ထ.က (၂) တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို (၂၁-၆-၂၀၁၆) ရက်နေ့တွင် ပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ ဦးရေ (၄၀၀) ခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မကွေးတိုင်းဒေသကြီး (ကဆရ) ဦးစီးမှူး ဦးမြင့်စိုးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများအား ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

  • ကော့သောင်းမြို့ ၊ အ.ထ.က (၁) ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၆-၂၀၁၆) ရက်နေ့တွင် ကော့သောင်းမြို့၊ အ.ထ.က (၁) ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ သဘာဝဘေးနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ ဆောင်ရန်/ရှောင်ရန်အချက်များ ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်သူ ဆရာ/ဆရာမနှင့် ကျောင်းသား/သူဦးရေ စုစုပေါင်း (၃၅၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်၊၊    

  • မိုင်းဖြတ် (အ.ထ.က) ကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၆-၂၀၁၆) ရက်နေ့တွင် မိုင်းဖြတ် (အ.ထ.က) ကျောင်း၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ မိုင်းဖြတ် (အ.ထ.က) ကျောင်းမှ ကျောင်းသား/သူဦးရေ စုစုပေါင်း (၁၈၀) ဦးတက်ရောက်ခဲ့ကြောင်းနှင့် ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events