မွန်ပြည်နယ်၊ သထုံခရိုင်၊ အ.ထ.က ဇင်းကျိုက်တွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း

th2 th4
(၂၁-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် မြန်မာနိုင်ငံတွင် လက်တလောဖြစ်ပွားနေ သည့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေ လျှံခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုး ပစ်ခတ်ခြင်း စသည်များဖြစ်ပေါ် လျက်ရှိရာ မွန်ပြည်နယ် အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/ ကျောင်းသူ များ အနေဖြင့် သဘာဝဘေးအန္တရာယ် များဖြစ်ပွားလာပါက လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန် ကိစ္စများ၊ ကြိုတင် ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာ အသိပညာဗဟုသုတ ရရှိစေရေးအတွက် အ.ထ.က ဇင်းကျိုက်တွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဟောပြော ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ သူများနှင့် ဆရာ/ ဆရာမများ၊ စုစုပေါင်းလူဦးရေ (၆၂၀) ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကာ သထုံခရိုင် ဦးစီးမှူးမှ ကျောင်းအုပ်ကြီးထံသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်ပိုစတာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: သထုံခရိုင်ဦးစီမှူးရုံး(ကဆရ)

Sign Up

Upcoming Events