Author Archives: RRD

  • ဟင်္သာတခရိုင်၊ ဓနုဖြူမြို့နယ်တွင် ရေဘေးထောက်ပံ့မှုသတင်း

    ဟင်္သာတခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်းများတွင်ရောက်ရှိနေသော ရေဘေးသင့် အိမ်ထောင်စု (၁၂၈၇)စုမှ လူဦးရေစုစုပေါင်း (၄၈၃၇)ဦးတို့အတွက် ဆန် (၃)ရက်စာတန်ဖိုးငွေကျပ် (၃,၇၇၈,၉၀၆)၊ ရေသန့်တန်ဖိုးငွေကျပ် (၇၅,၆၅၀)၊ မုန့်တန်ဖိုး ငွေကျပ် (၅၆၀၀)နှင့် ငါးသေတ္တာတန်ဖိုးငွေကျပ် (၁,၆၁၈,၂၀၀) စုစုပေါင်းတန်ဖိုးငွေကျပ် (၅,၄၇၈,၃၅၆)အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ (၆-၈-၂၀၁၆)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ပြီး အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

  • ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ရေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးရှိ တာ၀န်ရှိသူများသည် ညောင်ဦးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ ရေဘေးရွှေ့ပြောင်း အိမ်ထောင်စု (၁၂၈)စုမှ လူဦးရေ (၅၀၆)ဦး အတွက် ဆန်ရိက္ခာ (၃)ရက်စာ တန်ဖိုးငွေကျပ် (၄၅၅၄၀၀)၊ ခေါက်ဆွဲခြောက်တန်ဖိုးငွေကျပ် (၁၃၆၆၂၀)နှင့် ငါးသေတ္တာဗူးတန်ဖိုးငွေကျပ် (၁၁၅၂၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၇၀၇၂၂၀)အား  (၄-၈-၂၀၁၆)ရက်နေ့တွင် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ပခုက္ကူမြို့နယ်၊ ပြောင်းရွှေ့စုရပ် စခန်း (၄၃) ခုတွင်၊ ရပ်ကွက် (၆) ရပ်ကွက် ၊ ကျေးရွာအုပ်စု (၂၅) အုပ်စု၊ ကျေးရွာ (၈၈) ရွာတို့မှ အိမ်ခြေ (၉၅၂၄) လုံး၊ အိမ်ထောင်စု (၁၀၆၆၇) စုမှ လူးဦးရေစုစုပေါင်း (၄၈၄၇၆) ဦးတို့အတွက် ဆန်ရိက္ခာ (၂) ရက်စာ ထောက်ပံ့ငွေကျပ် (၂၉,၀၈၅,၆၀၀) အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့့်အဖွဲ့ဝင်များသည် ပခုက္ကူခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဝင်း၊ … Read more

  • ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ရေဘေးထောက်ပံ့မှုသတင်း

    ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ကြအိုကျေးရွာအုပ်စု၊ ကြအိုကျွန်းကျေးရွာ ရေဘေး ရွှေ့ပြောင်းအိမ်ထောင်စု(၃၄၀)စုမှ လူဦးရေ (၁၂၅၂)ဦးအတွက် ဆန်ရိက္ခာ (၃)ရက်စာဖိုးကျသင့် ငွေကျပ် (၁၁၂၆၈၀၀)၊ ခေါက်ဆွဲခြောက်တန်ဖိုးငွေကျပ် (၃၃၈၀၄၀)၊ ငါးသေတ္တာဗူးတန်ဖိုးငွေကျပ် (၃၀၆၀၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၇၇၀၈၄၀)အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ (၆-၈-၂၀၁၆) ရက်နေ့တွင်လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ ရေဘေးရှောင်မိဘပြည်သူများကို အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

  • ရန်ကုန်တိုင်းဒေသကြီးတွင် ရေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ တာ၀န်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့ ကယ်ဆယ်ရေးစခန်း(၁)၊ ရှမ်းကျောင်းကြီး တွင် ရောက်ရှိနေသောရေပေါ်သောင်အုပ်စု၊ အလယ်ကင်းရွာမှ ရေဘေးသင့် ပြည်သူများအားဖြစ်သော အိမ်ထောင်စု (၂၄)စုမှ လူဦးရေ (၉၃)ဦးအား ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး၊ (၂၄)အိမ်ထောင်စာ၊ ခေါက်ဆွဲခြောက် (၃၁)ဖာ၊ စားဆီ (၂)ဖာ၊ ရေသန့်နှင့် ဆန်ရိက္ခာ (၃)ရက်စာတန်ဖိုးငွေကျပ် (၈၃၇၀၀) တို့အား (၆-၈-၂၀၁၆)ရက်နေ့တွင်ထောက်ပံ့ပေးခဲ့ပြီး ဥက္ကံကယ်ဆယ်ရေးစခန်းသို့ ဆက်လက်ထွက်ခွာ လျက်ရှိကြောင်း သတင်းရရှိပါသည်။  

  • ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင်ရေဘေးထောက်ပံ့မှုသတင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့အတွင်းရှိ ကျေးရွာများတွင် (၅-၈-၂၀၁၆) ရက်နေ့အထိ ကယ်ဆယ်ရေးစခန်း (၄)ခုသို့ရောက်ရှိနေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၃၆)စုမှ လူဦးရေ (၁၅၄) ဦးအတွက် ဆန် (၃) ရက်စာတန်ဖိုးငွေကျပ် (၁၂၇,၀၅၀)၊ ငါးသေတ္တာတန်ဖိုးငွေကျပ် (၃၆,၇၀၀) စုစုပေါင်းတန်ဖိုးငွေကျပ် (၁၆၃၇၅၀)အား (၆-၈-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဦးစီးမှူးမှ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်း ရရှိပါသည်။

Sign Up

Upcoming Events