Author Archives: RRD
-
လပွတ္တာမြို့နယ်အတွင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း
(၁၁.၈.၂၀၁၆) ရက်နေ့၌ လပွတ္တာခရိုင်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စွာနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့သည် လပွတ္တာမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ သမဝါယမစုပေါင်းခန်းမ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံမှ ရေလုပ်သားများ၊ တောင်သူလယ်သမားများ၊ မွေးမြူရေးလုပ်ကိုင်သူများ၊ ကူးသန်းရောင်းဝယ်ရေးလုပ်ကိုင်သူများတက်ရောက်ခဲ့ကြရာ စုစုပေါင်းအင်အား(၁၁၈)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ Source : လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်အတွင်းရှိ ရေဘေးရှောင် အိမ်ထောင်စုများအတွက် သွားရောက်ထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် အတွင်းရှိ ရေဘေးရှောင် အိမ်ထောင်စု (၁၁၇၈)စု အတွက် ဆန်၊ ဆီ၊ ဆား၊ ဆပ်ပြာ၊ ခေါက်ဆွဲ၊ ရေသန့်ဗူး အစရှိသော ထောက်ပံ့ရေးပစ္စည်းများကို သရက်ခရိုင်ဦးစီးမှူး(ကဆရ) နှင့် တာဝန်ရှိသူများ (၁၀-၈-၂၀၁၆) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လူငယ်တွေ့ဆုံပွဲဆွေးနွေးပွဲရလဒ်များ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား အဖွဲ့အစည်းများမှ သီးခြားစီလာရောက်တွေ့ဆုံခြင်း
လူငယ်များသည် နိုင်ငံ၏အနာဂတ်ကို လက်ဆင့်ကမ်းတာဝန်ယူကြရမည်ဖြစ် ရာ လူငယ်များ ကျန်းမာကြံ့ခိုင်ခြင်း၊ ဉာဏ်ပညာထက်မြတ်ခြင်း၊ စာရိတ္တကောင်းမွန် ခြင်းနှင့် ဆန်းသစ်တီထွင်နိုင်ခြင်းစသည့် အရည်အချင်းများနှင့်ပြည့်စုံပြီး လူငယ်တို့၏ အခွင့်အရေး ရပိုင်ခွင့်များကို ထုတ်ဖော်တင်ပြခွင့်ရနိုင်ရေးနှင့် နိုင်ငံတော်၏ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများတွင် စနစ်တကျ ပါဝင်နိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်မူဝါဒတစ်ရပ် ပေါ်ပေါက်ရေးသည် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲရလဒ်များကို အသိပေးဆွေးနွေးခြင်း၊ အခမ်း အနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် (၁၀-၈-၂၀၁၆) ရက်နေ့နံနက်က ကျင်းပရာ ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။ … Read more
-
တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ရေဘေးဖြစ်ပွားနေမှုအခြေအနေများနှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ထောက်ပံ့ပေးမှုအခြေအနေ(၁၀.၈.၂၀၁၆) ရက်နေ့အထိ
– ၂၀၁၆ခုနှစ်၊ ဇူလိုင်လလယ်ခန့်မှ စတင်ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် တိုင်း ဒေသကြီး/ပြည်နယ်အချို့တွင် ပြည်သူများအား ဘေးလွတ်ကင်းရာနေရာများသို့ ယာယီပြောင်းရွှေ့ နေရာချထားပေးမှုများရှိခဲ့ရာ (၁၀-၈-၂၀၁၆)နေ့အထိ အိမ်ထောင်စု(၉)သောင်းကျော်မှ လူဦးရေ (၄)သိန်း(၁) သောင်းခန့်ကို ပြောင်းရွှေ့နေရာချထားပေးခဲ့ရပါသည်။ လူ(၆)ဦးသေဆုံးခဲ့ပါသည်။ ယခုအခါ အချို့နေရာများတွင် ရေများပြန်လည် ကျဆင်းသွားပြီဖြစ်သဖြင့် မူလနေရာများ သို့ပြန်လည်ရွှေ့ပြောင်းလျက်ရှိကြပါသည်။ အဆိုပါ ရေဘေးဒဏ်ခံစားခဲ့ရသည့်ပြည်သူများ အတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာနမှ ကူညီထောက်ပံ့မှု များ ဆောင်ရွက်လျက်ရှိရာ (၁၀-၈-၂၀၁၆) နေ့တွင်- – မကွေးတိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် ဘေးသင့်ဒေသ … Read more
-
ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာတွင် လူထုအခြေပြု သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ဇာတ်တိုက်အစမ်းလေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၆) ရက်နေ့တွင် နံနက် (၉:၀၀) နာရီမှ (၁၁:၀၀)နာရီအချိန်ထိ ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာတွင် လူထုအခြေပြု သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ဇာတ်တိုက်အစမ်းလေ့ကျင့်ခန်းကို လူဦးရေ (၃၅၀) ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး
-
ဧရာဝတီတိုင်းဒေသကြီး၊ လပ္ပတ္တာမြို့နယ်ရှိ ကျောင်းသား/ကျောင်းသူများအား သဘာဝဘေး အသိပညာပေးဟောပြောခဲ့သည့်သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် စားသုံးရေးရာဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူးတို့သည် ဧရာဝတီတိုင်းဒေသကြီး၊ လပ္ပတ္တမြို့နယ်၊ ရွေးမြစ်ဘေး၊ ကျောက်မှော်ရွာ မူလတန်းကျောင်း မှ ကျောင်းသား/ကျောင်းသူ (၁၀၀)ဦး၊ ကျောက်ဖြူရွာရှိ မူလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၉၀)ဦး ၊ စုစုပေါင်း (၃၉၀)ဦးအား (၉-၈-၂၀၁၆) ရက်နေ့တွင် သဘာဝဘေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တန်းကျေးရွာအုပ်စုရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တန်းကျေးရွာအုပ်စုရှိ လေဘေးသင့်ပြည်သူများအတွက် (၂)အိမ်ထောင်စာ ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးတန်ဖိုး (၁၆၂၆၀)ကျပ် နှင့် အမိုးလန် (၂)အိမ်အတွက် (၄၀၀၀၀) ကျပ်၊ စုစုပေါင်း (၅၆၂၆၀) ကျပ်ကို ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)မှ (၁၀-၈-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးချောင်းရေလျှံမှုကြောင့် ပြောင်းရွှေ့ရသော အိမ်ထောင်စုများအတွက် သွားရောက်ထောက်ပံ့မှု သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးချောင်းရေလျှံမှုကြောင့် ပြောင်းရွှေ့ရသော အိမ်ထောင်စု (၁၅၁) စုမှ လူဦးရေ (၆၄၀) ဦးအတွက် ဆန်ရိက္ခာ (၁၀)ရက်စာ (၁၉၂၀၀၀၀) ကျပ်ဖိုးနှင့် ငါးသေတ္တာ(၈၇)ဗူး (၂၆၁၀၀) ကျပ် စုစုပေါင်း (၁၉၄၆၁၀၀) ကျပ်ဖိုးအား (၇-၈-၂၀၁၆) ရက်နေ့နှင့် (၉-၈-၂၀၁၆) ရက်နေ့တို့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်း ရရှိပါသည်။
