Author Archives: RRD

  • မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးဒဏ်ခံစားရသည့် မြို့နယ် (၃) မြို့နယ်မှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း

    (၁၂-၈-၂၀၁၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးဒဏ်ခံစားရသည့် မတ္တရာမြို့နယ်မှ အိမ်ထောင်စု (၁၂၇) စု၊ စဉ့်ကူးမြို့နယ်မှ အိမ်ထောင်စု (၄၂) စု၊ သပိတ်ကျင်းမြို့နယ်မှ (၂၃၅) စုတို့အတွက် စားရေရိက္ခာ(ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ) (၇) ရက်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေစုစုပေါင်း (၁,၅၂၀,၀၀၀) ကျပ်တိတိ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ရေသန့်ဆေးထုပ်များကို မန္တလေးတိုင်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးသည် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ရေဘေးဖြစ်ပွားနေမှုအခြေအနေများနှင့်လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှထောက်ပံ့ပေးမှုအခြေအနေ(၁၁.၈.၂၀၁၆) ရက်နေ့အထိ

    ၂၀၁၆ခုနှစ်၊ဇူလိုင်လလယ်ခန့်မှစတင်ဖြစ်ပွားလျက်ရှိသောရေကြီးရေလျှံမှုများကြောင့်တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ပြည်သူများအား ဘေးလွတ်ကင်းရာနေရာများသို့ ယာယီပြောင်းရွှေ့နေရာချထားပေးမှုများရှိခဲ့ရာ (၁၁-၈-၂၀၁၆)နေ့အထိအိမ်ထောင်စု(၉၈၀၀၀)ကျော်မှလူဦးရေ(၄)သိန်း(၂)သောင်းကျော်ကို ဘေးလွှတ်ရာနေရာများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ရပါသည်။လူ(၆)ဦးသေဆုံးခဲ့ပါသည်။ သို့သော် ယခုအခါ အချို့နေရာများ တွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် မူလနေရာများသို့ပြန်လည်ရွှေ့ပြောင်းလျက်ရှိကြရာ- -ကချင်ပြည်နယ်တွင် ရေများကျဆင်းသွားပြီဖြစ်ပြီးကယ်ဆယ်ရေးစခန်းများမရှိတော့ပါ။ -စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ်(၁၂)မြို့နယ် ရေဘေးဒဏ်ခံစားခဲ့ရပြီး ယခုအခါ မြို့နယ်အားလုံးတွင် ရေများပြန်လည်ကျဆင်းသွားပြီး ကယ်ဆယ်ရေးစခန်းများလည်း ပိတ်သိမ်းပြီးဖြစ်ပါသည်။ -မန္တလေးတိုင်းဒေသကြီးတွင် မြို့နယ်(၁၂)မြို့နယ်ရေဘေးဒဏ်ခံစားရလျက်ရှိပြီး ယခုအခါရေများပြန်လည်ကျဆင်းလျက်ရှိကြောင်းသိရပါသည်။ -မကွေးတိုင်းဒေသကြီးတွင် မြို့နယ်(၁၄)မြို့နယ် ရေဘေးဒဏ်ခံစားရလျက်ရှိပြီးယခုအခါ ရေများပြန်လည်ကျဆင်းလျက်ရှိကြောင်း၊ (၁၄)မြို့နယ်အနက် မကွေးမြို့နယ်တွင် ကယ်ဆယ်ရေးစခန်းမရှိတော့ကြောင်းသိရပါသည်။ -ပဲခူးတိုင်းဒေသကြီးတွင်မြို့နယ်(၉)မြို့နယ် ရေဘေးဒဏ်ခံစားရလျက်ရှိပြီး ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ဆဲဖြစ်ကြောင်းသိရပါသည်။ -ဧရာဝတီတိုင်းဒေသကြီးတွင်မြို့နယ်(၁၂)မြို့နယ် ရေဘေးဒဏ်ခံစားရလျက်ရှိပြီးကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ဆဲဖြစ်ကြောင်းသိရပါသည်။ … Read more

  • ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက် စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက် (၂-၈-၂၀၁၆)ရက်နေ့မှ (၁၀-၈-၂၀၁၆)ရက် နေ့အထိ ‌ြေပာင်းရွှေ့လာသော စစ်ဘေးရှောင် အိမ်ထောင်စု (၁၃) စုမှ လူဦးရေစုစုပေါင်း (၃၃) ဦးအတွက် ဆန်ရိက္ခာဖိုး (၃) ရက်စာ (၂၉၇၀၀/- )ကျပ် ၊ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၁၃) အိမ်ထောင်စာနှင့် မိုးကာလိပ် (၂ )လိပ်တို့ကို (၁၁-၈-၂၀၁၆)ရက်နေ့ တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

  • ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်အတွင်းရေဘေးသင့်ခဲ့သော အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၁၅)အိမ်ထောင်စုစာ၊ ကယ်ဆယ်ရေးပစ္စည်း  (၄)မျိုး (၈၅)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာဖိုး နှင့် အိမ်ဆောက်ပစ္စည်းဖိုး ငွေစုစုပေါင်း (၁၆၇၁၉၀၀)ကျပ်တိတိကို ပလက်ဝ ထွေ/အုပ် ခန်းမ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများထံလွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events