(၁၂-၈-၂၀၁၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးဒဏ်ခံစားရသည့် မတ္တရာမြို့နယ်မှ အိမ်ထောင်စု (၁၂၇) စု၊ စဉ့်ကူးမြို့နယ်မှ အိမ်ထောင်စု (၄၂) စု၊ သပိတ်ကျင်းမြို့နယ်မှ (၂၃၅) စုတို့အတွက် စားရေရိက္ခာ(ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ) (၇) ရက်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေစုစုပေါင်း (၁,၅၂၀,၀၀၀) ကျပ်တိတိ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ရေသန့်ဆေးထုပ်များကို မန္တလေးတိုင်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးသည် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)