တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ရေဘေးဖြစ်ပွားနေမှုအခြေအနေများနှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီး ဌာနမှ (၁၂.၈.၂၀၁၆) ရက်နေ့အထိ ထောက်ပံ့ပေးမှုအခြေအနေသတင်း

၂၀၁၆ခုနှစ်၊ ဇူလိုင်လလယ်ခန့်မှ စတင်ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံမှုများ ကြောင့် တိုင်းဒေသကြီး/ပြည်နယ် (၈) ခုတွင် ပြည်သူများအား ဘေးလွတ်ကင်းရာနေရာများသို့ ယာယီပြောင်းရွှေ့ နေရာချထားပေးမှုများရှိခဲ့ရာ (၁၂-၈-၂၀၁၆) နေ့အထိ အိမ်ထောင်စု (၁) သိန်းကျော်မှ လူဦးရေ (၄) သိန်း (၃) သောင်းကျော်ကိုဘေးလွှတ်ရာနေရာများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ရပါသည်။ လူ (၈)  ဦးသေဆုံးခဲ့ပါ သည်။ သို့သော် ယခုအခါ အချို့နေရာများတွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် မူလ နေရာများသို့ပြန်လည်ရွှေ့ပြောင်း လျက်ရှိရာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ရေများကျဆင်းသွားပြီဖြစ်ပြီး ကယ်ဆယ်ရေးစခန်း များမရှိတော့ပါ။  မန္တလေးတိုင်းဒေသကြီး တွင် မြို့နယ် (၁၂)  မြို့နယ် ရေဘေးဒဏ်ခံစားခဲ့ရပြီး ယခုအခါ ရေများပြန်လည်ကျဆင်းလျက်ရှိ ကြောင်း သိရပါသည်။  မကွေးတိုင်းဒေသကြီး တွင် မြို့နယ် (၁၄) မြို့နယ် ရေဘေးဒဏ်ခံစားခဲ့ရပြီး ယခုအခါ ရေများပြန်လည်ကျဆင်းလျက်ရှိကြောင်းနှင့် မကွေး၊ ဆိပ်ဖြူနှင့်စလင်းမြို့နယ် တို့တွင် ကယ်ဆယ်ရေးစခန်းများမရှိတော့ကြောင်း သိရပါသည်။ ပဲခူးတိုင်းဒေသကြီးတွင် မြို့နယ် (၉) မြို့နယ် ရေဘေးဒဏ်ခံစားရလျက်ရှိပြီး ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်ဆဲဖြစ်ကြောင်း သိရပါသည်။  ဧရာ၀တီတိုင်းဒေသကြီးတွင် မြို့နယ် (၁၃) မြို့နယ် ရေဘေးဒဏ်ခံစားရ လျက်ရှိပြီး ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ဆဲဖြစ်ကြောင်း သိရပါသည်။  ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ် (၅) မြို့နယ်ရေဘေးဒဏ်ခံစား ရလျက်ရှိပြီး ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ဆဲဖြစ်ကြောင်း သိရပါသည်။ မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ရေဘေးဒဏ်ခံစားခဲ့ရပြီး ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ ရေဘေးဒဏ်ခံစားခဲ့ရသည့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိရာ (၁၅-၇- ၂၀၁၆) မှ (၁၂-၈-၂၀၁၆) ရက်နေ့အထိ ဆန်၊ ခေါက်ဆွဲ၊ ရေသန့်၊ ငါးသေတ္တာ၊ ရေသန့်ဆေးပြား၊ ကယ်ဆယ်ရေးပစ္စည်းများ၊ မိုးကာစ၊ ရေမျောပါ ပျက်စီးသည့်အိမ်များအတွက် ထောက်ပံ့မှု၊ သေဆုံးသူထောက်ပံ့မှုများအတွက် စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း (၅၂၀၀) ကျော် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်း ဒေသ ကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

Sign Up

Upcoming Events