Author Archives: RRD
-
သာယာဝတီမြို့နယ်၊ သတ္တဌာန၊ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာယာဝတီမြို့နယ်၊ သတ္တဌာန၊ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူ (၁၂၈၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀) ရက်စာ (၃,၈၆၁,၀၀၀) ကျပ် အား (၁၄-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး
-
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ပုကိုင်ကျေးရွာအုပ်စုရှိ လေဘေးသင့်အိမ်ထောင်စုများအား သွားရောက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ပုကိုင်ကျေးရွာအုပ်စုရှိ လေဘေးကြောင့် အိမ်ပြိုလဲသွားသော(၂)အိမ်ထောင်စာ အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁)သိန်းနှင့် ဆန်ရိက္ခာဖိုး (၃)ရက်စာ (၉၀၀၀) ကျပ် စုစုပေါင်း (၁၀၉၀၀၀)ကျပ်အား (၁၅-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ခလပ်ရွာနှင့် ညဏ်ထွန်းရွာရှိ လေဘေးသင့် ပြည်သူများထံ သွားရောက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သနပ်ပင်မြို့နယ်၊ ခလပ်ရွာနှင့် ညဏ်ထွန်းရွာတို့ရှိ လေဘေးသင့်ပြိုလဲအိမ်ထောင်စု(၁)စု၊ အမိုးလန်အိမ်ထောင်စု(၂)စု အတွက် (၃)အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀)ကျပ်အား (၁၅-၈-၂၀၁၆) ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့၊ တိုက်ကြီးမြို့ရှိ ရေဘေးရှောင်စခန်းများသို့ သွားရောက်ကြည့်ရှုအားပေးမှုသတင်း
၁။ မိုးရွာသွန်းမှုများပြီးမြစ်ရေလျှံတက်မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ် လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့ရှိ၊ မြသက်သာဘုန်းတော်ကြီး ကျောင်းတွင် ယာယီဖွင့်လှစ်ထားရှိသောရေဘေးရှောင်စခန်းသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဝန်ကြီးဌာနတာဝန်ရှိသူများလိုက်ပါလျက် ရောက်ရှိကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဥက္ကံမြို့ဝန်းကျင်ဒေသတစ်ဝိုက်တွင် လှိုင်မြစ်ရေစတင်လျော့နည်းလာပြီဖြစ်သော်လည်း ပြန်လည်အခြေချ နေနိုင်ရန်အတွက် ရက်အနည်းငယ်လိုအပ်နေသဖြင့် ထောက်ပံ့မှုများဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရေဘေးရှောင် စခန်းများသို့ မလာရောက်ဘဲကျေးရွာများတွင် ကျန်ရှိနေခဲ့သည့် ပြည်သူများအတွက်လည် ထောက်ပံ့မှုများစနစ်တကျရောက်ရှိရေး နှင့် ထောက်ပံ့မှုများကို … Read more
-
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာတွင် မြစ်ရေစီးသန်၍ မျောပါသွားသည့် လူနေအိမ်များမှ ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာ၌ (၃-၈-၂၀၁၆) ရက်နေ့တွင် မြစ်ရေစီးသန်၍ မျောပါသွားသည့် လူနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် ကျပ် (၅၀,၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေ (၂၀၀,၀၀၀) ကျပ်တိတိကို ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက ဘေးသင့်ပြည်သူများထံသို့ (၁၄-၈-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ကြခတ်ရပ်ကွက်မှ ဓာတ်လိုက်သေဆုံးသူ၏ ကျန်ရစ်သူဇနီးထံသို့ ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ကြခတ်ရပ်ကွက်၌ (၄-၈-၂၀၁၆) ရက်နေ့တွင် ဓာတ်လိုက်၍သေဆုံးမှုဖြစ်ပွားခဲ့ရာ အဆိုပါသေဆုံးခဲ့သူ၏ ကျန်ရစ်သူဇနီးထံသို့ ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက ထောက်ပံ့ငွေ (၁) သိန်းကျပ်တိတိကို (၁၄-၈-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ရေဘေးဖြစ်ပွားနေမှုအခြေအနေများနှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ (၁၃.၈.၂၀၁၆) ရက်နေ့ထိ ထောက်ပံ့ပေးမှုအခြေအနေသတင်း
၂၀၁၆ ခုနှစ်၊ ဇူလိုင်လလယ်ခန့်မှစတင်ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် တိုင်းဒေသကြီး/ပြည်နယ် (၈)ခုတွင် ပြည်သူများအား ဘေးလွတ်ကင်းရာနေရာများသို့ ယာယီ ပြောင်းရွှေ့နေရာချထားပေးမှုများရှိခဲ့ရာ (၁၃-၈-၂၀၁၆) နေ့အထိ အိမ်ထောင်စု (၁) သိန်းကျော်မှ လူဦးရေ (၄) သိန်း (၃) သောင်းကျော်ကို ဘေးလွှတ်ရာနေရာများသို့ ပြောင်းရွှေ့နေရာချထား ပေးခဲ့ရပါသည်။ လူ (၈) ဦးသေဆုံးခဲ့ပါသည်။ သို့သော် ယခုအခါအချို့နေရာများတွင် ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် မူလနေရာများသို့ ပြန်လည်ရွှေ့ပြောင်းလျက်ရှိရာ ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးတွင်ရေများကျဆင်းသွားပြီဖြစ်ပြီးကယ်ဆယ်ရေးစခန်းများမရှိတော့ပါ။ မန္တလေးတိုင်းဒေသကြီးတွင်မြို့နယ် (၁၂) မြို့နယ်ရေဘေးဒဏ်ခံစားခဲ့ရပြီး ယခုအခါရေများ ပြန်လည်ကျဆင်းလျက်ရှိကြောင်း သိရပါသည်။ မကွေးတိုင်းဒေသကြီးတွင် … Read more
-
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံမှုများပေးအပ်မှုသတင်း
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းရှိ မြစ်ရေကြီးမှုကြောင့် မျောပါ/ပြိုကျခဲ့ရသည့် နေအိမ် (၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် တစ်အိမ်ထောင်လျှင် (၅၀၀၀၀) ကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေစုစုပေါင်း (၃၀၀,၀၀၀) ကျပ်တိတိအား (၁၃-၈-၂၀၁၆) ရက်နေ့တွင် သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
