ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာတွင် မြစ်ရေစီးသန်၍ မျောပါသွားသည့် လူနေအိမ်များမှ ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာ၌ (၃-၈-၂၀၁၆) ရက်နေ့တွင် မြစ်ရေစီးသန်၍  မျောပါသွားသည့် လူနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် ကျပ် (၅၀,၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေ (၂၀၀,၀၀၀) ကျပ်တိတိကို ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက ဘေးသင့်ပြည်သူများထံသို့ (၁၄-၈-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events