တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ရေဘေးဖြစ်ပွားနေမှုအခြေအနေများနှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ (၁၃.၈.၂၀၁၆) ရက်နေ့ထိ ထောက်ပံ့ပေးမှုအခြေအနေသတင်း

၂၀၁၆ ခုနှစ်၊ ဇူလိုင်လလယ်ခန့်မှစတင်ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် တိုင်းဒေသကြီး/ပြည်နယ် (၈)ခုတွင် ပြည်သူများအား ဘေးလွတ်ကင်းရာနေရာများသို့ ယာယီ ပြောင်းရွှေ့နေရာချထားပေးမှုများရှိခဲ့ရာ (၁၃-၈-၂၀၁၆) နေ့အထိ အိမ်ထောင်စု (၁) သိန်းကျော်မှ လူဦးရေ (၄) သိန်း (၃) သောင်းကျော်ကို ဘေးလွှတ်ရာနေရာများသို့ ပြောင်းရွှေ့နေရာချထား ပေးခဲ့ရပါသည်။ လူ (၈) ဦးသေဆုံးခဲ့ပါသည်။ သို့သော် ယခုအခါအချို့နေရာများတွင် ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် မူလနေရာများသို့ ပြန်လည်ရွှေ့ပြောင်းလျက်ရှိရာ

  • ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးတွင်ရေများကျဆင်းသွားပြီဖြစ်ပြီးကယ်ဆယ်ရေးစခန်းများမရှိတော့ပါ။
  • မန္တလေးတိုင်းဒေသကြီးတွင်မြို့နယ် (၁၂) မြို့နယ်ရေဘေးဒဏ်ခံစားခဲ့ရပြီး ယခုအခါရေများ ပြန်လည်ကျဆင်းလျက်ရှိကြောင်း သိရပါသည်။
  • မကွေးတိုင်းဒေသကြီးတွင် မြို့နယ် (၁၄) မြို့နယ် ရေဘေးဒဏ်ခံစားခဲ့ရပြီး ယခုအခါ ရေများပြန်လည်ကျဆင်းလျက်ရှိကြောင်းနှင့် မကွေး၊ ဆိပ်ဖြူနှင့်စလင်းမြို့နယ်တို့တွင် ကယ်ဆယ်ရေးစခန်းများမရှိတော့ကြောင်း သိရပါသည်။
  • ပဲခူးတိုင်းဒေသကြီးတွင်မြို့နယ် (၉) မြို့နယ်ရေဘေးဒဏ်ခံစားရလျက်ရှိပြီး ပြည်၊ ပန်းတောင်းနှင့် ဒိုက်ဦးမြို့နယ်တို့တွင် ကယ်ဆယ်ရေးစခန်းများတွင် မရှိတော့ကြောင်း သိရ ပါသည်။
  • ဧရာ၀တီတိုင်းဒေသကြီးတွင် မြို့နယ် (၁၃) မြို့နယ် ရေဘေးဒဏ်ခံစားရလျက်ရှိပြီး ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ဆဲဖြစ်ကြောင်း သိရပါသည်။
  • ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ် (၅) မြို့နယ် ရေဘေးဒဏ်ခံစားရလျက်ရှိပြီး ကယ်ဆယ် ရေးစခန်းများတွင် နေထိုင်ဆဲဖြစ်ကြောင်း သိရပါသည်။
  • မွန်ပြည်နယ်၊ သထုံမြိ့နယ်တွင် ရေဘေးဒဏ်ခံစားခဲ့ရပြီး ရေများပြန်လည်ကျဆင်းသွား ပြီဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ ရေဘေးဒဏ်ခံစားခဲ့ရသည့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး၀န်ကြီးဌာနမှ ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိရာ (၁၅-၇-၂၀၁၆) မှ(၁၃-၈-၂၀၁၆) ရက်နေ့အထိ ဆန်၊ ခေါက်ဆွဲ၊ ရေသန့်၊ ငါးသေတ္တာ၊ ရေသန့်ဆေးပြား၊ ကယ်ဆယ်ရေးပစ္စည်း များ၊ မိုးကာစ၊ ရေမျောပါပျက်စီးသည့်အိမ်များအတွက် ထောက်ပံ့မှု၊ သေဆုံးသူထောက်ပံ့မှုများအတွက် စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း (၅၆၀၀) ကျော်ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ လူမှုရေးအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events