Author Archives: RRD

  • ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်သို့ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

      ကျောက်မဲခရိုင် နမ္မတူမြို့နယ်သို့ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၃၄) စုမှ လူဦးရေ (၁၂ဝဝ) ကျော်အတွက် Isamic Reliedworld Wide IRW အဖွဲ့အစည်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူတို့ပူးပေါင်းပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ အနွေးထည်နှင့်စောင် စုစုပေါင်းတန်ဖိုး ငွေသိန်းပေါင်း (၁၄ဝ) ခန့်အား (၁၇-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • နမ့်ဆန်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လားရှိုးမြို့၊ မန်ဆူရှမ်းကျောင်းသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃) စုမှ လူဦးရေ ကျား (၇) ဦး၊ မ(၇) ဦး၊ စုစုပေါင်း (၁၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ထောင်စု (၃) စုစာအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၂၉၄၀၀) ကျပ်တို့အား (၁၆-၁-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေး အပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • နမ္မတူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ြပည်သူများအား ထောက်ပံ့ပေးမှုသတင်း

      (၁၂-၁-၂၀၁၇) ရက်နေ့တွင် လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ္မတူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ြပည်သူ အိမ်ထောင်စု (၂၆)စု မှ လူဦးရေ ကျား(၃၇) ဦး၊ မ (၅၅) ဦး၊ စုစုပေါင်း လူဦးရေ (၉၂) ဦးအတွက် ဆန်ရိက္ခာဖိုး (၃)ရက်စာအတွက် ထောက်ပံ့ငွေ (၈၂၈၀၀) ကျပ်နှင့် အိမ်ထောင်စု (၂၆)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာအုပ်စု၊ ကျောက်လမုကျေးရွာနှင့် တားပလပ်ကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပြီးစီးမှု

      (၁၃.၁.၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မြိတ်ခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် ရေဘေးသင့်ဒေသဖြစ်သော တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာအုပ်စု၊ ကျောက်လမုကျေးရွာနှင့် တားပလပ်ကျေးရွာတို့မှ ရေဘေးသင့်ပြည်သူ စုစုပေါင်း (၆၈၀)ဦးအတွက် ခေါက်ဆွဲခြောက် (၂၀၄၀)ထုပ်၊ ကြက်ဥ(၂၀၄၀)လုံး၊ ထပ်တိုးအိမ်ထောင်စု (၃၁)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးနှင့် ဆန်ရိက္ခာဖိုး (၇)ရက်စာ ငွေ (၅၀၁,၉၀၀/-)ကျပ် တို့ကို ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသော ချောင်းလမုကျေးရွာဘုန်းတော်ကြီးကျောင်းသို့ သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source : တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • မောတောင်ဒေသ အမှတ်(၉)ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပြီးစီးမှု

      (၁၄.၁.၂၀၁၇)ရက်နေ့တွင် ကယ်ဆယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မြိတ်ခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် တနင်္သာရီမြို့နယ်တွင် ရေကြီးရေလျှံနေသော မောတောင်ဒေသ အမှတ်(၉)ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ထပ်တိုးအိမ်ထောင်စု (၁၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး (၁၇)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး (၇)ရက်စာအတွက် ငွေကျပ် (၁၂၁,၈၀၀/-)ကျပ်၊ ခေါက်ဆွဲခြောက် (၃၂၄)ထုပ်နှင့် ကြက်ဥ (၃၂၄)လုံး၊ ထပ်တိုးအိမ်(၁)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀)ကျပ် ထောက်ပံ့ပေးခဲ့ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် လိုအပ်သည်များကို မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များမှလည်း ရေဘေးသင့်ပြည်သူများအား သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • ကမ်းပြိုဘေး ထောက်ပံ့မှုသတင်း

    ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ဘိသလွန်အုပ်စု ကရင်တောကျေးရွာတွင် (၁၁-၁-၂၀၁၇) နေ့ဖြစ်ပွားသော ကမ်းပြိုဘေး (၂) အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၂) အိမ်ထောင်စုစာ အိမ်ဖိုး (၄၀၀၀၀/-) ဆန်ဖိုး (၆) ဦးစာ (၅၄၀၀/-) အား (၁၃-၁-၂၀၁၇) နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)  

Sign Up

Upcoming Events