Author Archives: RRD
-
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာအုပ်စု၊ ကွင်းဝိုင်းကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
(၁၉.၉.၂၀၁၆) ရက်နေ့၌ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာအုပ်စု၊ ကွင်းဝိုင်းကျေးရွာတွင် တိုက်ခတ်ခဲ့သော လေပြင်းလေပွေကြောင့် လူနေအိမ် (၁)လုံး အမိုးလန်ပျက်စီးခဲ့ပါသည်။ လေဘေးသင့် အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ (၂၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း ၄ မျိုး (၂)အိမ်ထောင်စာနှင့် လေဘေးသင့်သူ (၅)ဦးအတွက် (၃)ရက်စာ ဆန်ဖိုး ငွေ (၄,၅၀၀/-)ကျပ် စုစုပေါင်း ငွေ (၂၄,၅၀၀/-) ကျပ်တိတိအား (၂၁.၉.၂၀၁၆)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more
-
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ကံဆိတ်ကျေးရွာမှ တောဝက်အပက်ခံ၍ သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ကံဆိတ်ကျေးရွာမှ တောဝက်အပက်ခံရ၍ သေဆုံးသွားသူ ဦးဖြူလေး အသက် (၁၉)နှစ်အတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်တိတိအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ (၂၁.၉.၂၀၁၆)ရက်နေ့တွင် သေဆုံးသူ၏ မိသားစုလက်ဝယ်သို့ တာဝန်ရှိသူများ ရှေ့မှောက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
စျေးမသွယ်အထက်ကျေးရွာ စာသင်ကျောင်း (အလကခွဲ) ၌ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
(၂၁ ၉ ၂၀၁၆) နေ့၊ စျေးမသွယ်အထက်ကျေးရွာ စာသင်ကျောင်း (အလကခွဲ) တွင် အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၃၀) ဦးအား သထုံခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှကေသီမာမှ သဘာဝဘေး ရှောင်ရန်/ဆောင်ရန်များ ဟောပြောခဲ့ပြီး ပိုစတာ၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။ ၄င်းအပြင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်ခင်လေးနွယ်မှ လူငယ်နှင့်စာဖတ်ခြင်းအားလည်းကောင်း သုဓမ္မဝတီ နယ်မြေစခန်းမှူး ရဲအုပ်ဝင်းမင်းသန့်မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မှုခင်းအသိပညာပေးအကြောင်း အသီးသီးပြောကြားခဲ့ကာ ရသ၊ သုတ အသိပညာပေးစာအုပ်များ ဝေငှခဲ့ကြောင်း … Read more
-
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုဆိုင်ရာ သတင်းအချက်အလက်များကို KOBO Mobile Application အား အသုံးပြု၍ ကောက်ယူနိုင်ရေးနှင့် DAN Mobile Application အသုံးပြုခြင်းဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကျင်းပခြင်း
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုဆိုင်ရာ သတင်းအချက်အလက်များကို KOBO Mobile Application အား အသုံးပြု၍ ကောက်ယူနိုင်ရေးနှင့် DAN Mobile Application အသုံးပြုခြင်းဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို (၂၁-၉-၂၀၁၆) ရက်နေ့ နံနက် (၉:၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၃)၊ Emergency Operation Center အဆောက်အဦသစ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦးနှင့် ပြည်နယ်/တိုင်းဒေသကြီးဦးစီးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ (၁၇-၉-၂၀၁၆)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း
ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ (၁၇-၉-၂၀၁၆)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုင်းပေါက်ကွဲမှုကြောင့် လူ (၂)ဦး သေဆုံးခဲ့ရာ သေဆုံးသူ ဦးမြင့်ဦးနှင့် ဦးမျိုးဝင်းတို့ (၂)ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်(၁၀၀,၀၀၀/-)နှုန်းဖြင့် စုစုပေါင်း ငွေ(၂၀၀,၀၀၀/-)ကျပ်အား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ အောင်သပြေရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် သေဆုံးသူ (၂)ဦး၏ သက်ဆိုင်သူမိသားစုများအား ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဥတ္တရသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ ကုလားကျေးရွာတွင် ဆင်သေချောင်းရေတိုက်စားမှုကြောင့် ကမ်းပါး ထပ်မံပြိုကျခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးခြင်း
(၁၆.၉.၂၀၁၆)ရက်နေ့၌ ဥတ္တရသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ ကုလားကျေးရွာတွင် ဆင်သေချောင်းရေတိုက်စားမှုကြောင့် ကမ်းပါး ထပ်မံပြိုကျခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ထောင်စု(၃)စုအား ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ဆီ(၅၀)သား၊ အဝတ်အထည် (၁)ထုပ်အား ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ (၁၉.၉.၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြိုင်ကြီးငူအထူးဒေသရှိ တိုက်ပွဲရှောင်ပြည်သူများထံသို့ သွားရောက် အားပေးထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၆ခုနှစ် ၊ စက်တင်ဘာလ(၂၀) ရက်နေ့တွင် နေပြည်တော်မှ မော်တော်ယာဥ်ဖြင့် ထွက်ခွာခဲ့ရာ နေ့လည်ပိုင်းတွင် ဘားအံမြို့သို့ ရောက်ရှိပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေး မြင့်နှင့် တာဝန်ရှိသူများက ပြည်နယ်ပြည်ထောင်စုရိပ်သာတွင် ကြိုဆိုကြပါသည်။ ၎င်းမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိုင်ကြီးငူအထူးဒေသ ဘုန်းတော်ကြီးကျောင်းရှိ မဲသဝေါဒေသ တိုက်ပွဲရှောင်ပြည်သူများထံသို့ရောက်ရှိကြရာ တိုက်ပွဲရှောင်ပြည်သူများအနေဖြင့် မကြာမီကာလတွင် မိမိတို့၏နေရပ်သို့ ပြန်လည်ရောက်ရှိကြတော့မည်ဟု သိရှိရပါကြောင်း၊ မိမိသည် ပြည်ထောင်စုအစိုးရအနေဖြင့် လာရောက်ကြည့်ရှုထောက်ပံ့ခြင်းဖြစ်ပြီး ပြီးခဲ့သည် ရက်ပိုင်းကလည်း မိမိတို့ လူမှုဝန်ထမ်း၊ … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊သံကိုင်းကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘေးသင့်အိမ်ထောင်စု(၃၈)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ အမ်ဆောက်ပစ္စည်းဖိုး(၇၆၀၀၀၀ိ/-)၊ဆန်ရိက္ခာဖိုး (၁၇၄၆၀၀ိ/-)၊စုစုပေါင်း(၉၃၄၆၀၀ိ/-)အား ပွင့်ဖြူမြို့နယ်ထွေ/အုပ်ရုံး ၌ သံကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ (၁၅.၉.၂၀၁၆)ရက်နေ့တွင် လွှဲပြောင်းထောက်ပ့ံခဲ့ကြောင်းသတင်းရရှိပါသည်၊၊
