ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာအုပ်စု၊ ကွင်းဝိုင်းကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

7

(၁၉.၉.၂၀၁၆) ရက်နေ့၌ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာအုပ်စု၊ ကွင်းဝိုင်းကျေးရွာတွင် တိုက်ခတ်ခဲ့သော လေပြင်းလေပွေကြောင့် လူနေအိမ် (၁)လုံး အမိုးလန်ပျက်စီးခဲ့ပါသည်။ လေဘေးသင့် အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ (၂၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း ၄ မျိုး (၂)အိမ်ထောင်စာနှင့် လေဘေးသင့်သူ (၅)ဦးအတွက် (၃)ရက်စာ ဆန်ဖိုး ငွေ (၄,၅၀၀/-)ကျပ် စုစုပေါင်း ငွေ (၂၄,၅၀၀/-) ကျပ်တိတိအား (၂၁.၉.၂၀၁၆)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source :  ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events