Author Archives: RRD
-
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၌ (၂၁-၉-၂၀၁၆)ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်ခြင်း
(၂၁-၉-၂၀၁၆)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၌ ဖြစ်ပွားခဲ့သည့် လေဘေးသင့် အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (၂)အိမ်ထောင်စာနှင့် အမိုးလန်နေအိမ်(၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀,၀၀၀/-) ကျပ်၊ လေဘေးသင့်ပြည်သူ(၁၀)ဦးအတွက် ဆန်(၃)ရက်စာဖိုး ငွေ(၉,၀၀၀/-)ကျပ် စုစုပေါင်း ငွေ( ၄၉,၀၀၀/-)ကျပ်အား (၂၃-၉-၂၀၁၆)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ထောက်ပ့ံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ မြောက်ဦးခရိုင်ဦးစီးမှူးရုံးနှင့် ငတ်မွတ်ခေါင်းပါးမှုတိုက်ဖျက်ရေးအဖွဲ့ (Action Contreal Faim – ACF) တို့မှ ပူးပေါင်း ကျင်းပသည့် မြို့နယ်အဆင့် စီမံကိန်းအကြိုအလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း
၁။ (၂၃-၉-၂၀၁၆)ရက်နေ့၌ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့ရှိ အထွေထွေအုပ်ချုပ်ရေးရုံးခန်းမတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးနှင့် ငတ်မွတ်ခေါင်းပါးမှုတိုက်ဖျက်ရေးအဖွဲ့ (Action Contreal Faim – ACF) တို့မှ ပူးပေါင်း ကျင်းပသည့် မြို့နယ်အဆင့် စီမံကိန်းအကြိုအလုပ်ရုံဆွေးနွေးပွဲအား နံနက် (၉:၀၀)နာရီမှ နေ့လည် (၃:၀၀)နာရီအထိကျင်းပခဲ့ရာ မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း အင်အား (၄၀) ဦး တက်ရောက်ခဲ့ပါသည်။ ၂။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများဆောင်ရွက်ရန် … Read more
-
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဘူတာကျေးရွာရှိ ရေမျောပါသေဆုံးသူအတွက် ထောက်ပံ့မှု သတင်း
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ (၁၄-၉-၂၀၁၆) ရက်နေ့ ဘူတာကျေးရွာမှ မဝါဝါခိုင်၊ အသက်-၂၅နှစ် (ဘဦးအောင်နေလင်း) သည် တောင်တွင်းကြီးမြို့ (မြို့မစျေး) သွားရာမှအပြန်တွင် ကျောက်မီးကျောင်း ချောင်းအားဖြတ်ကူးစဉ် ရေနစ်သေဆုံးသည့်အတွက် မကွေးတိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အဆိုပါ သေဆုံးသူအတွက် ထောက်ပံ့ငွေ (၁ဝဝဝဝဝ/-) ကျပ်ကို (၂၂-၉-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာရှိ ရေမျောပါသေဆုံးသူအတွက် ထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ (၁၂-၉-၂၀၁၆) ရက်နေ့တွင် ကုက္ကိုကုန်းကျေးရွာမှ မဆုန္ဒာဝင်း၊ အသက်-၂၀ နှစ်၊ (တပ်ကြပ်ကြီးဦးနိုင်ဝင်း) သည် ယောက္ခမဖြစ်သူထံ ရိက္ခာပို့သွားရာ ကျောက်မီး ကျောင်းချောင်းအားဖြတ်ကူးစဉ် ရေနစ်သေဆုံးသည့်အတွက် မကွေးတိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အဆိုပါသေဆုံးသူအတွက် ထောက်ပံ့ငွေ (၁ဝဝဝဝဝ/-) ကျပ်ကို (၂၂-၉-၂၀၁၆) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ကင်ပွန်းတောင်ကျေးရွာရှိ ရေမျောပါသေဆုံးသူအတွက် ထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ် (၁၂-၉-၂၀၁၆) ရက်နေ့တွင် ကင်ပွန်းတောင်ကျေးရွာမှ ဦးမင်းမင်း၊ အသက်-၃၅နှစ်၊ ဘဦးထွန်းရှင်သည် အစ်ကိုဖြစ်သူထံ ရိက္ခာပို့သွားရာ တဲအနောက်ဘက်ရှိ ချောင်းမကြီးကိုဖြတ်ကူးစဉ် ချောင်းထဲပြုတ်ကျသေဆုံးသည့်အတွက် မကွေးတိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများ က အဆိုပါသေဆုံးသူအတွက် ထောက်ပံ့ငွေ (၁ဝဝဝဝဝ/-) ကျပ်ကို (၂၂-၉-၂၀၁၆) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ကံသာကျေးရွာရှိ ရေမျောပါသေဆုံးသူအတွက် ထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ကံသာကျေးရွာမှ ဦးစံမြင့်လေး၊ အသက်-၃၈ နှစ် ၊ ဘဦးမြစိန် သည် ပိုးစာခင်းကျေးရွာသို့ ကောက်စိုက်သမများခေါ်ရန်သွားရောက်ရာရန်ပယ်ချောင်းအား ဖြတ်ကူးစဉ် ရေမျော ပါသေဆုံးသည့်အတွက် မကွေးတိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အဆိုပါသေဆုံးသူအတွက် ထောက်ပံ့ငွေ (၁ဝဝဝဝဝ/-) ကျပ်ကို (၂၂-၉-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကြူတောအလယ်ကျေးရွာနှင့်တောကြီးကျေးရွာများရှိ ကမ်းပြိုဘေး အတွက် ထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကြူတောအလယ်ကျေးရွာနှင့် တောကြီးကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့်အိမ်ထောင်စု (၂၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ဖိုး ငွေ (၅၈၃၇၀၀ိ/-) ကျပ်တို့အား မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် စလင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ (၂၁.၉.၂၀၁၆) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် Action Contre la Faim – ACF (ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးအဖွဲ့-မြန်မာ)အဖွဲ့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် Action Contre la Faim – ACF (ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးအဖွဲ့-မြန်မာ)အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် (၂၂.၉.၂၀၁၆)ရက်နေ့ (၁၃:ဝ၀)နာရီအချိန်တွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် Mr. Juan Grabriel WELLS ၊ Country Director ၊ Action Contre la Faim – ACF (ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးအဖွဲ့-မြန်မာ) တို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ဂျပန်နိုင်ငံ Mizuho Information and Research Institute, Social Policy Consulting ဌာန၏ Project Advisor ဖြစ်သူ Prof. Kenishiro Fuji ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော် စက်တင်ဘာ (၂၂) ရက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာ ခန်းမ၌ စက်တင်ဘာလ (၂၂)ရက်နေ့ နံနက်(၉း၀၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့််ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ဂျပန်နိုင်ငံ Mizuho Information and Research Institute, Social Policy Consulting ဌာန၏ Project Advisor ဖြစ်သူ Jochi University, Comprehensive Human Sciences Social Welfare ဌာနမှ တွဲဖက်ပါမောက္ခ Prof. … Read more
-
တောင်ကြီးမြို့၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း
(၂၁.၉.၂၀၁၆)ရက်နေ့တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ မိုးကြိုးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မြေပြိုဘေးနှင့် မီးဘေးဆိုင်ရာ ဘေးအန္တရာယ်များနှင့် ပတ်သက်၍ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/မနှင့် ကျောင်းသား/သူ စုစုပေါင်း အင်အား (၂၀၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
