၁။ (၂၃-၉-၂၀၁၆)ရက်နေ့၌ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့ရှိ အထွေထွေအုပ်ချုပ်ရေးရုံးခန်းမတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးနှင့် ငတ်မွတ်ခေါင်းပါးမှုတိုက်ဖျက်ရေးအဖွဲ့ (Action Contreal Faim – ACF) တို့မှ ပူးပေါင်း ကျင်းပသည့် မြို့နယ်အဆင့် စီမံကိန်းအကြိုအလုပ်ရုံဆွေးနွေးပွဲအား နံနက် (၉:၀၀)နာရီမှ နေ့လည် (၃:၀၀)နာရီအထိကျင်းပခဲ့ရာ မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း အင်အား (၄၀) ဦး တက်ရောက်ခဲ့ပါသည်။
၂။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများဆောင်ရွက်ရန် မင်းပြားမြို့နယ်အတွင်းရှိ ကျေးရွာ (၆) ရွာအား ရွေးချယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် စီမံကိန်းလုပ်ငန်းများ ရှေ့ဆက်လုပ်ဆောင်ရန် ပုံမှန်ပေါင်းစပ်ညှိနှိုင်းခြင်းများ ပြုလုပ်ရန် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။