မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ (၁၄-၉-၂၀၁၆) ရက်နေ့ ဘူတာကျေးရွာမှ မဝါဝါခိုင်၊ အသက်-၂၅နှစ် (ဘဦးအောင်နေလင်း) သည် တောင်တွင်းကြီးမြို့ (မြို့မစျေး) သွားရာမှအပြန်တွင် ကျောက်မီးကျောင်း ချောင်းအားဖြတ်ကူးစဉ် ရေနစ်သေဆုံးသည့်အတွက် မကွေးတိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အဆိုပါ သေဆုံးသူအတွက် ထောက်ပံ့ငွေ (၁ဝဝဝဝဝ/-) ကျပ်ကို (၂၂-၉-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)