မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကြူတောအလယ်ကျေးရွာနှင့် တောကြီးကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့်အိမ်ထောင်စု (၂၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ဖိုး ငွေ (၅၈၃၇၀၀ိ/-) ကျပ်တို့အား မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် စလင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ (၂၁.၉.၂၀၁၆) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)