Author Archives: RRD

  • IDP စခန်းများသို့ လောင်စာမီးသွေးခဲအိတ်များဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ပြည်နယ်အစိုးရ၏ စီစဉ်ညွှန်ကြားချက်အရ IDP စခန်းများဖြစ်သော ဘာဆာရာစခန်းလောင်စာမီးသွေးခဲအိတ် (၃၀၀) အိတ်၊ သက္ကေပြင်စခန်း (၆၁၄) အိတ်၊ အုန်းတောကြီးတောင်စခန်း (၄၅၀) အိတ်၊  အုန်းတောကြီးမြောက်စခန်း (၄၅၀) အိတ်၊ ဒါးပိုင် စခန်း (၃၀၀) အိတ် စုစုပေါင်း (၂၁၁၄) အိတ်  တို့အား (၂၁-၁-၂၀၁၇) ရက်နေ့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • ရပ်​ရွာအ​ခြေပြု သဘာဝ​ဘေးအန္တရာယ်​စီမံခန့်ခွဲမှုသင်​တန်း အခမ်းအနားဖွင့်လှစ်​မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ညှိနှိုင်း၍ (၂၀-၁-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ကမ်းနီးကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာတွင် ရပ်ရွာအခြေပြုသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း (၃) ရက်သင်တန်းဖွင့်ပွဲ အခမ်း အနားအား သင်တန်းသား/သူ (၃၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး ဦးသန်းစိုး (ညွှန်ကြားရေးမှူး) နှင့် ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွန်းတို့မှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • မူကြိုနည်းပညာရပ်များနှင့်အညီ ပြုစုစောင့်ရှောက်မှုပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်မှုသတင်း

    မူကြိုကလေးသူငယ်များ၏ ကိုယ်ခန္ဓာဖွံ့ထွားမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးရေးသည် အရေးကြီးပြီး ကလေးသူငယ်တိုင်း အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံခွင့်နှင့် လူ့အဖွဲ့အစည်းအတွင်း ပါဝင်ဆက်ဆံခွင့် စသည့် ကလေးသူငယ် အခွင့်အရေးများ ရရှိရေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒများနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာရှိ သုဇနကာရီ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး ပရဟိတဂေဟာ သို့ သွားရောက်၍ … Read more

  • သဘာဝဘေး အသိပညာပေးဟောပြောပွဲ ပြုလုပ်သည့်သတင်း

      ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ တင်းဂါတ်ကျေးရွာ အုပ်စု၊ ရာကျော်ခုံ/လက်ပံခုံကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက်(၁၀၀)အလွန်ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်း များ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေး ဆောင်ရွက်ချက် သတင်းများကိုအချိန်နှင့် တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီး ဖုန်းနံပါတ်များနှင့်သဘာဝဘေးပညာပေး/လက်ကမ်းစာစောင်များ … Read more

Sign Up

Upcoming Events