Author Archives: RRD
-
(၁၈-၄-၂၀၁၆) ရက်နေ့တွင် တောင်တွင်းကြီးမြို့နယ် ကင်မွန်းတောင် အုပ်စု မြေလမ်းခွဲကျေးရွာရှိ ဒေသခံပြည်သူများအတွက် သောက်ရေဖြန့် ဝေပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမြင့်စိုးနှင့် ဝန်ထမ်းများမှ တောင်တွင်းကြီးမြို့နယ် ကင်မွန်းတောင် အုပ်စု မြေလမ်းခွဲကျေးရွာရှိ အိမ်ထောင်စု (၁၄၀ ) လူဦးရေ (၇၀၁) ဦးသို့ ရေဂါလန် (၁၂၀၀) အား ဧပြီလ (၁၈) ရက်နေ့ (၁၁:၀၀) အချိန်တွင် လှူဒါန်းပြီးကြောင်းနှင့် နောက်နေ့များတွင်လည်း သွားရောက်လှူဒါန်း မည်ဖြစ်ပါသည်။
-
(၁၈-၄-၂၀၁၆) ရက်နေ့တွင် ကလောမြို့နယ်၊ ဆီရားကျေးရွာ ၌ ရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ (၁၈-၄-၂၀၁၆) ရက်နေ့တွင် ကလောမြို့နယ် ၊ဆီရားကျေးရွာရှိ အိမ်ခြေ အိမ်ထောင်စု (၁၅၀) အတွက် သောက်သုံးရေ ဂါလံ (၁၁၂၀) ဂါလံအား ရှမ်းပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်မှ ဦးစီး၍ မော်တော်ယာဉ် (၃) စီးဖြင့် သွားရောက်ပေးပို့ ဖြန့်ဝေပေး လျက်ရှိပါသည်။
-
(၁၈-၄-၂၀၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ အမှတ် ( ၁) ရပ်ကွက်၊ ကောင်းကန်ရပ်၌ ရေဖြန့်ဝေပေးမှုသတင်း
(၁၈.၄.၂၀၁၆) ရက်နေ့တွင် ကျိုင်းတုံ မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ကောင်းကန်ရပ်၊ အိမ်ထောင်စု (၆၀) စု လူဦးရေ (၅၀၀) အတွက် ဂါလန် (၉၀၀) ဂါလန်အား ဒေသရှိ သောက်သုံးရေမလုံလောက်မှု အခက်အခဲကြောင့် လိုအပ်သည့်သောက်သုံးရေ လုံလောက် စွာရရှိရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သွားရောက်ဖြန့်ဝေပေးလျက်ရှိပါသည်။
-
(၁၇-၄-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြ်ို့နယ်၊ ဒါးပိ်န်မြောက်ကျေးရွာအုပ်စု ကျွဲကူးဆိပ်ကျေးရွာ၌ ရေဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးဦးစီးဌာန ရေအလှူနှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးး ဦးဝင်းရွှေမှ ဦးစီး၍ အရာထမ်း ၊ အမှုထမ်းများအပါအဝင် လှည်းကူးမြို့နယ် အုပ်ချုပ်ရေးမှူး း ၊ မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ လှည်းကူးမြ်ို့မှ ၁၈ မိုင်ခန့်ဝေးသည့် ပဲခူးမြစ်ကမ်းခြေရှိ သောက်သုံးရေရှားပါးသော ဒါးပိ်န်မြောက်ကျေးရွာအုပ်စု ကျွဲကူးဆိပ်ကျေးရွာ ( ပဲခူး့မြစ်ရေမှာ တပို့တွဲ လလောက်တွင် ရေငန်သွား၍ ပုံမှန်အချိန်တွင် မိုးရေကိုသာစု၍ သောက်ရေအဖြစ်သုံး ၊ယခုနှစ် … Read more
-
(၁၇-၄-၂၀၁၆) ရက်နေ့တွင် သထုံခရိုင်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ ပိတောက်မြိုင်အပိုင်းရှိ ဒေသခံပြည်သူများအတွက် ရေဖြန့်ဝေပေးမှုသတင်း
(၁၇-၄-၂၀၁၆) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစည်သူစိုးနှင့် တာဝန်ရှိသူများသည် သထုံခရိုင်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ ပိတောက်မြိုင်အပိုင်းရှိ ဒေသခံပြည်သူများအတွက် သောက်ရေ လီတာ ၃၀၀၀ ရေဖြန့်ဝေပေးခဲ့ပါသည်။
-
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ပုသိမ်မြို့၊အနန်းကုန်းကျေးရွာအုပ်စု၊အနန်းကုန်းကျေးရွာနှင်သရက်ကုန်း(အရှေ့ရွာ)တို့တွင် ၁၇-၄-၂၀၁၆ ရက်နေ့၌ သောက်သုံးရေဖြန့်ဝေမှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ပုသိမ်မြို့၊အနန်းကုန်းကျေးရွာအုပ်စု၊အနန်းကုန်းကျေးရွာနှင်သရက်ကုန်း(အရှေ့ရွာ)တို့တွင် ၁၇-၄-၂၀၁၆ ရက်နေ့၌ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး၊ညွှန်ကြားရေးမှူးမှ ဦးဆောင်၍မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်းပြီး မီးသတ်ကားဂါလံ(၁၆၀၀)ပါရေကား ၁ စီး၊ရေသန့် ၂၀ လီတာပါဗူး( ၅၀ )အားသောက်ရေပြတ်လပ်သည့်ကျေးရွာများအား သောက်သုံးရေဖြန့်ဝေခဲ့ပါသည်။ ဆက်လက်၍ ကြောင်ပန်းကုန်းကျေးရွာနှင့်ရေလိုအပ်သည့်ဒေသများအား ဆက်လက်ပေးပို့သွားမည်ဖြစ်ပါကြောင်းနှင့်ဖျာပုံ၊ဟင်္သာတခရိုင်ဦးစီးမှူးရုံးများမှလည်းရေပြတ်လပ်သည့်ဒေသများအားဖြန့်ဝေလျက် ရှိကြောင်းသတင်းရရှိပါသည်။
-
(၁၇-၄-၂၀၁၆) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ရွှေတဆုပ်ကျေးရွာ၌ ရေဖြန့်ဝေပေးမှုသတင်း
၁၇-၄-၂၀၁၆) နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ရွှေတဆုပ်ကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေပီပါပုံး (၂၅) လုံး၊ စုစုပေါင်း ဂါလံ (၁၃၀၀) ကိုသွားရောက်ထောက် ပံ့ပေးခဲ့ကြောင်းနှင့် နောက်ရက်များ တွင်လည်းအလားတူ ရေရှားပါးသောဒေသများသို့ သောက်သုံးရေဖြန့်ဝေပေးရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
-
(၁၇-၄-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြ်ို့နယ်၊ ဒါးပိ်န်မြောက်ကျေးရွာအုပ်စု ကျွဲကူးဆိပ်ကျေးရွာ၌ ရေဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးဦးစီးဌာန ရေအလှူနှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးး ဦးဝင်းရွှေမှ ဦးစီး၍ အရာထမ်း ၊ အမှုထမ်းများအပါအဝင် လှည်းကူးမြို့နယ် အုပ်ချုပ်ရေးမှူး း ၊ မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ လှည်းကူးမြ်ို့မှ ၁၈ မိုင်ခန့်ဝေးသည့် ပဲခူးမြစ်ကမ်းခြေရှိ သောက်သုံးရေရှားပါးသော ဒါးပိ်န်မြောက်ကျေးရွာအုပ်စု ကျွဲကူးဆိပ်ကျေးရွာ ( ပဲခူး့မြစ်ရေမှာ တပို့တွဲ လလောက်တွင် ရေငန်သွား၍ ပုံမှန်အချိန်တွင် မိုးရေကိုသာစု၍ သောက်ရေအဖြစ်သုံး ၊ယခုနှစ် တွင် မြစ်ကမ်းပြိုပြီးရေမတင်ခြင်း ၊ ရေခမ်းခြင်းဖြစ်၍ သောက်ရေရှားပါးခြင်းဖြစ် … Read more
-
(၁၇-၄-၂၀၁၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ချောင်းဆုံကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဖြန့်ဝေပေးမှုသတင်း
(၁၇-၄-၂၀၁၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ချောင်းဆုံကျေးရွာ အိမ်ထောင်စု (၂၇၅) စု၊ လူဦးရေ (၁၅၀၀) ဦးတို့ သောက်သုံးရေမလုံလောက်မှုအခက်အခဲကြောင့် လိုအပ်သည့်သောက်သုံးရေလုံ လောက်စွာရရှိရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ပြည်သူလူထုအား ရေဖြန့်ဝေ ပေးခဲ့ပါသည်။
-
(၁၇-၄-၂၀၁၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်ကြီးမြို့၊ အုန်းတော (၂) ရပ်ကွက်ရှိ ဒေသခံပြည်သူများအတွက် ရေဖြန့်ဝေပေးမှုသတင်း
(၁၇-၄-၂၀၁၆) ရက်နေ့ (၁၅းဝ၀) နာရီအချိန်တွင် တောင်တွင်ကြီးမြို့၊ အုန်းတော (၂) ရပ်ကွက်တွင် သောက်သုံးရေရှားပါးကြောင်းသတင်းရရှိ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိုးနှင့် ဝန်ထမ်းများသည် တာဝန်ရှိသူများ နှင့် အတူသွားရောက်ဖြန့်ဝေပေးခဲ့ပါသည်။ ရေဂါလန် (၃၆၀၀) အား ရပ်ကွက်ရှိ အိမ်ထောင်စု (၅၅၀)၊ လူဦးရေ (၂၈၀၀) ဦးတို့အား ရေဖြန့်ဝေပေးခဲ့ခြင်းကြောင့် ရပ်ကွက်လူထုမှ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း သတင်းရရှိသည်။
