(၁၇-၄-၂၀၁၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်ကြီးမြို့၊ အုန်းတော (၂) ရပ်ကွက်ရှိ ဒေသခံပြည်သူများအတွက် ရေဖြန့်ဝေပေးမှုသတင်း

a1

(၁၇-၄-၂၀၁၆) ရက်နေ့ (၁၅းဝ၀) နာရီအချိန်တွင် တောင်တွင်ကြီးမြို့၊ အုန်းတော (၂) ရပ်ကွက်တွင် သောက်သုံးရေရှားပါးကြောင်းသတင်းရရှိ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိုးနှင့် ဝန်ထမ်းများသည် တာဝန်ရှိသူများ နှင့် အတူသွားရောက်ဖြန့်ဝေပေးခဲ့ပါသည်။ ရေဂါလန် (၃၆၀၀) အား ရပ်ကွက်ရှိ အိမ်ထောင်စု (၅၅၀)၊ လူဦးရေ (၂၈၀၀) ဦးတို့အား ရေဖြန့်ဝေပေးခဲ့ခြင်းကြောင့် ရပ်ကွက်လူထုမှ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း သတင်းရရှိသည်။

Sign Up

Upcoming Events