ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ပုသိမ်မြို့၊အနန်းကုန်းကျေးရွာအုပ်စု၊အနန်းကုန်းကျေးရွာနှင်သရက်ကုန်း(အရှေ့ရွာ)တို့တွင် ၁၇-၄-၂၀၁၆ ရက်နေ့၌ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး၊ညွှန်ကြားရေးမှူးမှ ဦးဆောင်၍မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်းပြီး မီးသတ်ကားဂါလံ(၁၆၀၀)ပါရေကား ၁ စီး၊ရေသန့် ၂၀ လီတာပါဗူး( ၅၀ )အားသောက်ရေပြတ်လပ်သည့်ကျေးရွာများအား သောက်သုံးရေဖြန့်ဝေခဲ့ပါသည်။ ဆက်လက်၍ ကြောင်ပန်းကုန်းကျေးရွာနှင့်ရေလိုအပ်သည့်ဒေသများအား ဆက်လက်ပေးပို့သွားမည်ဖြစ်ပါကြောင်းနှင့်ဖျာပုံ၊ဟင်္သာတခရိုင်ဦးစီးမှူးရုံးများမှလည်းရေပြတ်လပ်သည့်ဒေသများအားဖြန့်ဝေလျက်
ရှိကြောင်းသတင်းရရှိပါသည်။