(၁၇-၄-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြ်ို့နယ်၊ ဒါးပိ်န်မြောက်ကျေးရွာအုပ်စု ကျွဲကူးဆိပ်ကျေးရွာ၌ ရေဖြန့်ဝေပေးမှုသတင်း

12987217_770584889743201_4182088850932136403_n 13007308_770586519743038_689105038960826653_n

 

 

 

 

 

ကယ်ဆယ်ရေးဦးစီးဌာန ရေအလှူနှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး
ဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးး ဦးဝင်းရွှေမှ ဦးစီး၍ အရာထမ်း ၊ အမှုထမ်းများအပါအဝင် လှည်းကူးမြို့နယ် အုပ်ချုပ်ရေးမှူး း ၊ မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ လှည်းကူးမြ်ို့မှ ၁၈ မိုင်ခန့်ဝေးသည့် ပဲခူးမြစ်ကမ်းခြေရှိ သောက်သုံးရေရှားပါးသော ဒါးပိ်န်မြောက်ကျေးရွာအုပ်စု ကျွဲကူးဆိပ်ကျေးရွာ ( ပဲခူး့မြစ်ရေမှာ တပို့တွဲ လလောက်တွင် ရေငန်သွား၍ ပုံမှန်အချိန်တွင် မိုးရေကိုသာစု၍ သောက်ရေအဖြစ်သုံး ၊ယခုနှစ် တွင် မြစ်ကမ်းပြိုပြီးရေမတင်ခြင်း ၊ ရေခမ်းခြင်းဖြစ်၍ သောက်ရေရှားပါးခြင်းဖြစ် ၊ လာမည့်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရန်ပုံငွေမှ ဒါးပိန်မြောက်ကျေးရွာအုပ်စုအတွက် တွင်းအနက် ပေ ၆၀၀ ကျော် ရေလှောင်ကန်၊ စက် ၊ အမိုး အားလုံးပါ အပြီး တစ်တွင်းလျှင် ငွေကျပ် သိန်း ၉၀ နှင့် ၂ တွင်းတူးပေးမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး းထံမှ သိရှိရ ) အတွက် ရေဂါလံ ၁၆၀၀ နှင့် ရေစုကန်လုပ်ရန် မိုးကာစများ ၊ ဒါးပိန်မြောက်ကျေးရွာအုပ်စုအတွင်းရှိ တွင်းတစ်ရာရွာသို့ ရေသန့်ဘူး ၃၃၀ နှင့် ရေစုကန်လုပ်ရန် မိုးကာစများအား လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ကိုယ်စား နှစ်ဆန်းတစ်ရက်နေ ့ ့တွင် သွားရောက်လှူဒါန်းခဲ့ပါ၍ မိတ်ဆွေများ သာဓု အနုမောဓနာများ ခေါ် ်ဆိုနိုင်ကြပါရန် . . . . .။

Sign Up

Upcoming Events