Author Archives: RRD
-
၂၁-၄-၂၀၁၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သောက်သုံးရေဖြန့်ဝေမှုသတင်း
၂၁-၄-၂၀၁၆ ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး) ဦးဆောင်မှုဖြင့် မအူပင်စေတနာ့ဝန်ထမ်းအရာရှိ ဦးဝင်းဌေးနှင့် မီးသတ်ဦးစီးဌာနတို့မှပူးပေါင်းကာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မှန်ပင်ကျေးရွာအုပ်စု၊ ကုန်တန်းကျေးရွာမှ စုစုပေါင်းအိမ်ခြေ(၁၀၀)၊လူဦးရေ(၆၀၀)ဦးခန့်အား ရေဂါလံ(၈၀၀) ဆံ့ရေသယ်ယာဉ် (၂)စီး၊ စုစုပေါင်းရေဂါလံ(၁၆၀၀) အား သောက်သုံးရေပြတ်လပ်နေသော ဒေသခံပြည်သူများအား သောက်သုံးရေ ဖြန့်ဝေပေးခဲ့ပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ကြို့ပင်စခန်းအရှေ ့စုကျေးရွာ၌ (၁၉.၄.၂၀၁၆)ရက်နေ့၊ (၂ဝ:၁၅)အချိန်တွင် မီးဘေးဖြစ်ပွားခဲ့ရာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း အိမ်ခြေ (၁၃)လုံး မီးလောင် ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၁၄)စုမှ လူဦးရေစုစုပေါင်း (၄၉)ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါမီးဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ကြို့ပင်စခန်းအရှေ့စုကျေးရွာမီးဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၁၄)အိမ်ထောင်စာကို (၂၀.၄.၂၀၁၆) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။
-
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ သောက်ရေသန့်များ ဖြန့်ဝေပေးမှုသတင်း
(၂၀.၄.၂၀၁၆)ရက်နေ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်နှင့် ရာဇသင်္ကြန်ရပ်ကွက်များသို့ သောက်ရေသန့် ဂါလံ (၆၀၀) နှုန်းကျဖြင့် စုစုပေါင်းသောက်ရေသန့်ဂါလံ (၁၂၀၀) အား ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။
-
(၂၀.၄.၂၀၁၆)ရက်နေ့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
(၂၀.၄.၂၀၁၆) ရက်နေ့၊ (၁၃းဝ၀)နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ ပျားကနဲကျေးရွာသို့ ရေဂါလံ (၁၅၀)ဆနှင့် ထော်လာဂျီယာဉ်(၈)စီး၊ တစ်အိမ်ထောင်လျှင် ရေဂါလံ (၅၀)နှုန်းဖြင့် အိမ် (၂၄) လုံးအား (၅)ရက်စာ သောက်သုံးရေ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
(၂၀.၄.၂၀၁၆) ရှမ်းပြည်နယ်၊ ကလောမြို့နယ်အတွင်း သောက်သုံးရေဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ၂၀-၄-၂၀၁၆ရက်နေ့တွင်ကလောမြို့နယ်၊ဘော်ဆိုင်းကျေးရွာအုပ်စု၊ရေဖြူကန်ကျေးရွာမှအိမ်ခြေ/အိမ်ထောင်စု(၁၆၀)အတွက်သောက်သုံးရေဂါလံ(၂၀၀၀)အားသွားရောက်ပေးပို့လှူဒါန်းခဲ့ပါကြောင်း၊အသွား/အပြန်(၈၈)မိုင်ရှိ၍တောင်ကြီးမြို့သို့ညနေ(၁၆၀၀)ချိန်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
-
(၂၀.၄.၂၀၁၆)ရက်နေ့၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်အတွင်းရှိ ကျေးရွာများသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
(၂၀.၄.၂၀၁၆)ရက်နေ့၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ သင်္ဃန်းကြီးကျေးရွာအုပ်စုအတွင်းရှိ ကုန်းကြီးကျေးရွာသို့ သောက်သုံးရေ ဂါလံ (၅၂၅) အား ဖြန့်ဝေပေးပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။
-
(၂၀.၄.၂၀၁၆) ရက်နေ့၊ လားရှိုးမြို့နယ်အတွင်း သောက်သုံးရေဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ (၂၀-၄-၂၀၁၆)ရက်နေ့တွင် လားရှိုးမြို့ ရပ်ကွက်(၄) နယ်မြေ (၁၂) (၁၅) (၁၆) တို့ရှိ အိမ်ထောင်စု(၇၆၃)စုမှ လူဦးရေ(၄၂၄၃)ဦးခန့်အတွက် သောက်သုံးရေ(၃၄၀၀)ဂါလံအား သွားရောက်လှူးဒါန်ခဲ့ပါသည်။
-
(၂၀.၄.၂၀၁၆) ရက်နေ့၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်း သောက်သုံးရေဖြန့်ဝေမှုသတင်း
(၂၀.၄.၂၀၁၆)ရက်နေ့၊ (၁ဝ)နာရီ(၃၀)အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး၊ ဦးမြင့်စိုးနှင့် ဝန်ထမ်းများမှ နတ်မောက်မြို့နယ်၊ လျှော်တောင်ကျေးရွာရှိ အိမ်ထောင်စု (၂၃၅) စု၊ လူဦးရေ (၁၁၂၉)ဦးအတွက် သောက်သုံးရေဂါလံ (၁၆၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
(၂၀.၄.၂၀၁၆) ရက်နေ့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း သောက်သုံးရေဖြန့်ဝေမှုသတင်း
(၂၀.၄.၂၀၁၆)ရက်နေ့၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးဆောင်ကာ မုံရွာမြို့နယ်၊ ခတက္ကန်(မြောက်)ကျေးရွာသို့ သောက်သုံးရေဂါလံ (၉၆၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင်မြို့နယ်၊ အဓလောက်ကျေးရွာအုပ်စု၊ ကုန်းစု(သစ်) ကျေးရွာ၌ သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
၂၀-၄-၂၀၁၆ ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး၊ ညွှန်ကြားရေးမှူးမှ ဦးဆောင်၍ မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်းပြီး မီးသတ်ကားဂါလံ(၁၆၀၀)ပါရေသယ်ယာဉ် ၂ စီး၊ ၈ ဂါလံပါပုံး (၅၀) ဂါလံ (၄၀၀) စုစုပေါင်းဂါလံ (၃၆၀၀ ) အား သောက်ရေပြတ်လပ်သည့် ကျေးရွာသူကျေးရွာသားများအား သောက်သုံးရေဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
