ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ကြို့ပင်စခန်းအရှေ ့စုကျေးရွာ၌ (၁၉.၄.၂၀၁၆)ရက်နေ့၊ (၂ဝ:၁၅)အချိန်တွင် မီးဘေးဖြစ်ပွားခဲ့ရာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း အိမ်ခြေ (၁၃)လုံး မီးလောင် ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၁၄)စုမှ လူဦးရေစုစုပေါင်း (၄၉)ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါမီးဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ကြို့ပင်စခန်းအရှေ့စုကျေးရွာမီးဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၁၄)အိမ်ထောင်စာကို (၂၀.၄.၂၀၁၆) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။