၂၁-၄-၂၀၁၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သောက်သုံးရေဖြန့်ဝေမှုသတင်း

၂၁-၄-၂၀၁၆ ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး) ဦးဆောင်မှုဖြင့် မအူပင်စေတနာ့ဝန်ထမ်းအရာရှိ ဦးဝင်းဌေးနှင့် မီးသတ်ဦးစီးဌာနတို့မှပူးပေါင်းကာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မှန်ပင်ကျေးရွာအုပ်စု၊ ကုန်တန်းကျေးရွာမှ စုစုပေါင်းအိမ်ခြေ(၁၀၀)၊လူဦးရေ(၆၀၀)ဦးခန့်အား ရေဂါလံ(၈၀၀) ဆံ့ရေသယ်ယာဉ် (၂)စီး၊ စုစုပေါင်းရေဂါလံ(၁၆၀၀) အား သောက်သုံးရေပြတ်လပ်နေသော ဒေသခံပြည်သူများအား သောက်သုံးရေ ဖြန့်ဝေပေးခဲ့ပါသည်။

Sign Up

Upcoming Events