၂၀-၄-၂၀၁၆ ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး၊ ညွှန်ကြားရေးမှူးမှ ဦးဆောင်၍ မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်းပြီး မီးသတ်ကားဂါလံ(၁၆၀၀)ပါရေသယ်ယာဉ် ၂ စီး၊ ၈ ဂါလံပါပုံး (၅၀) ဂါလံ (၄၀၀) စုစုပေါင်းဂါလံ (၃၆၀၀ ) အား သောက်ရေပြတ်လပ်သည့် ကျေးရွာသူကျေးရွာသားများအား သောက်သုံးရေဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။