Author Archives: RRD
-
(၂၁-၄-၂၀၁၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စု၊ နဘဲပင်ကျေးရွာနှင့် သင်္ဂတုံကျေးရွာအတွင်း သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၁၆) ရက်နေ့၊ (၁၆:ဝ၀) နာရီအချိန်တွင် စဉ့်ကိုင်မြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စု၊ နဘဲပင်ကျေးရွာအတွင်းရှိ အိမ်ထောင်စု (၂၀၀) ခန့်အတွက် ရေဂါလံပေါင်း (၁၆၀၀) ကို လည်းကောင်း၊ (၁ရး၃၀) နာရီအချိန်တွင် သင်္ဂတုံကျေးရွာအတွင်းရှိ အိမ်ထောင်စု (၂၅၀) ခန့်အတွက် ရေဂါလံပေါင်း (၁၆၀၀) တို့ကိုလည်းကောင်း အသီးသီးသွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
(၂၁-၄-၂၀၁၆) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်အတွင်း ရေဂါလံပေါင်း (၈၂၀၀) ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၁၆) ရက်နေ့၊ (၁၅:ဝ၀) နာရီအချိန်မှ (၂ဝ:ဝ၀) နာရီအချိန်ထိ ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်ရှိ အကွက် (၇) ကံပွင့်လမ်း၊ ဗိုလ်အောင်ကျော်လမ်းနှင့် ဗိုလ်ထွန်းလမ်းအတွင်းရှိ ပြည်သူများအတွက် ရေဂါလံပေါင်း (၈၂၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
(၂၁-၄-၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာအတွင်းရှိ ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
(၂၁-၄-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာသို့ သွားရောက်ကာ သောက်သုံးရေ ဂါလံ (၃၂၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source – ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
(၂၁-၄-၂၀၁၆) ရက်နေ့တွင်သထုံခရိုင်ဦးစီးမှူးရုံး မှ ပေါင်မြို့နယ်၊ဝဲပတန်ကျေးရွာသို့ သောက်သုံးရေ လှူဒါန်းခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းသတင်း
(၂၁-၄-၂၀၁၆) ရက်နေ့(၁၄းဝ၀)နာရီအချိန်တွင် သထုံခရိုင်၊ ပေါင်မြို့နယ်၊ဝဲပတန်ကျေးရွာသို့ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိ သူများနှင့် ပေါင်မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ သောက်သုံးရေဂါလံ(၆၀၀)အား သွားရောက်လှူဒါန်းလျက်ရှိကြောင်းနှင့်သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
(၂၁-၄-၂၀၁၆) ရက်နေ့၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေစမ်းအုပ်စု၊ အောင်သီရိကျေးရွာအတွင်းရှိ ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
(၂၁-၄-၂၀၁၆) ရက်နေ့၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ သပြေစမ်းအုပ်စု၊ အောင်သီရိကျေးရွာသို့သွားရောက်ကာ သောက်သုံးရေ ဂါလံ (၁၆၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၂၁-၄-၂၀၁၆) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ နတ်ရေကန်ကျေးရွာသို့ သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
(၂၁-၄-၂၀၁၆) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဦးစီးမှူးရုံးနှင့် မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် သနပ်ပင်မြို့နယ်၊ နတ်ရေကန်ကျေးရွာသို့ သွားရောက်ကာ သောက်သုံးရေပီပါ (၂၆) လုံး (၁၃၅၂) ဂါလံနှင့် မီးသတ်ကားတစ်စီး (၈၀၀) ဂါလံ စုစုပေါင်း (၂၁၅၂) ဂါလံတို့ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းထားသည့် ၁၆ပေ ၆ပေ ၃ပေခွဲရှိ ရွှေ့ပြောင်းရေလှောင်ကန် (၃) ကန်ထဲတွင် သိုလှောင်ထားပြီး ကျေးရွာနေပြည်သူများအား စနစ်တကျဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရပါသည်။ Source – ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
(၂၁-၄-၂၀၁၆) ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ ထီးသူးကူးကျေးရွာသို့ ရေဂါလံ (၁၈၀၀) အား သွားရောက်ဖြန့်ဝေပေးမှုသတင်း
(၂၁-၄-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ်၊ နွာလဝိုးကျေးရွာအုပ်စု၊ ထီးသူးကူးကျေးရွာသို့ ရေဂါလံ (၁၈၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကွင်းကြီးအုပ်စု၊ လဲခုံကျေးရွာတွင် မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့ပေးမှုအခြေအနေသတင်း
(၂၀၁၆) ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ ကွင်းကြီးအုပ်စု၊ လဲခုံကြီးကျေးရွာတွင် ဦးအုန်းလှိုင်နေအိမ် မီးကြွင်းမီးကျန်မှတဆင့် အိမ်ခြေ (၁၂) လုံး (သွပ်မိုး/ပျဉ်ကာ ၆ လုံး၊ ဓနိမိုး/ထရံကာ ၆ လုံး) ကူးစက်မီးလောင်မှုဖြစ်ခဲ့ပြီး အဆိုပါမီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု ၁၅ စုမှ လူဦးရေ ကျားမပေါင်း (၆၂) ဦး မီးဘေးသင့်ခဲ့ပါသည်။ ယနေ့ (၂၀-၄-၂၀၁၆) ရက်နေ့တွင် ခရိုင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဦးသန်းစိုးနှင့် ဒု-ဦးစီးမှူး၊ ဦးရမ်ချွမ်းမန်၊ လေးမျက်နှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ်မှူး၊ … Read more
-
(၂၁-၄-၂၀၁၆) ရက်နေ့တွင် သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်၊ ပိတောက်မြိုင်အပိုင်းသို့ သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
(၂၁-၄-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှကေသီမာနှင့်အတူ တာဝန်ရှိသူများသည် သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်၊ ပိတောက်မြိုင်အပိုင်းသို့ သွားရောက်ကာ သောက်သုံးရေလီတာ (၃၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source – သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ (စေတီခုံ၊ ကံကွင်း၊ ဘွက်) အုပ်စုများ တွင် လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့ပေးမှု အခြေအနေသတင်း
အင်္ဂပူမြို့နယ်၊ (စေတီခုံ၊ ကံကွင်း၊ ဘွက်)အုပ်စုများတွင် (၈-၄-၂၀၁၆) ရက်နေ့တွင် လေပြင်း တိုက်ခတ်မှုကြောင့် အိမ်ခြေ (၈) လုံး (လုံးဝ) ပြိုကျပျက်စီးခဲ့ပြီး၊ အိမ်ခြေ(၅၀)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ပါသည်။ အဆိုပါလေဘေးကြောင့် အိမ်ထောင်စု (၅၈) စုမှ လူဦးရေကျားမပေါင်း (၁၇၁) ဦးဘေးသင့်ခဲ့ပါသည်။ လေဘေးသင့်ပြည်သူများအား (၉-၄-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခဲ့ပြီး၊ ယနေ့ (၂၀-၄-၂၀၁၆) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် (၁၇၁) ဦး အတွက် ဆန်ရိက္ခာဖိုး ၃ ရက်စာ (၁၅၃၉၀၀ိ/-)နှင့် အိမ်ခြေ … Read more
