

(၂၁-၄-၂၀၁၆) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဦးစီးမှူးရုံးနှင့် မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် သနပ်ပင်မြို့နယ်၊ နတ်ရေကန်ကျေးရွာသို့ သွားရောက်ကာ သောက်သုံးရေပီပါ (၂၆) လုံး (၁၃၅၂) ဂါလံနှင့် မီးသတ်ကားတစ်စီး (၈၀၀) ဂါလံ စုစုပေါင်း (၂၁၅၂) ဂါလံတို့ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းထားသည့် ၁၆ပေ ၆ပေ ၃ပေခွဲရှိ ရွှေ့ပြောင်းရေလှောင်ကန် (၃) ကန်ထဲတွင် သိုလှောင်ထားပြီး ကျေးရွာနေပြည်သူများအား စနစ်တကျဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရပါသည်။
Source – ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)