ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ (စေတီခုံ၊ ကံကွင်း၊ ဘွက်) အုပ်စုများ တွင် လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့ပေးမှု အခြေအနေသတင်း

13055352_772536182881405_9092484067964718177_n

အင်္ဂပူမြို့နယ်၊ (စေတီခုံ၊ ကံကွင်း၊ ဘွက်)အုပ်စုများတွင် (၈-၄-၂၀၁၆) ရက်နေ့တွင် လေပြင်း တိုက်ခတ်မှုကြောင့် အိမ်ခြေ (၈) လုံး (လုံးဝ) ပြိုကျပျက်စီးခဲ့ပြီး၊ အိမ်ခြေ(၅၀)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ပါသည်။ အဆိုပါလေဘေးကြောင့် အိမ်ထောင်စု (၅၈) စုမှ လူဦးရေကျားမပေါင်း (၁၇၁) ဦးဘေးသင့်ခဲ့ပါသည်။

လေဘေးသင့်ပြည်သူများအား (၉-၄-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခဲ့ပြီး၊ ယနေ့ (၂၀-၄-၂၀၁၆) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် (၁၇၁) ဦး အတွက် ဆန်ရိက္ခာဖိုး ၃ ရက်စာ (၁၅၃၉၀၀ိ/-)နှင့် အိမ်ခြေ (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀ိ/-)၊ စုစုပေါင်း (၅၅၃၉၀၀ိ/-) အားထောက်ပံ့ခဲ့ပါသည်။

Sign Up

Upcoming Events