(၂၀၁၆) ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ ကွင်းကြီးအုပ်စု၊ လဲခုံကြီးကျေးရွာတွင် ဦးအုန်းလှိုင်နေအိမ် မီးကြွင်းမီးကျန်မှတဆင့် အိမ်ခြေ (၁၂) လုံး (သွပ်မိုး/ပျဉ်ကာ ၆ လုံး၊ ဓနိမိုး/ထရံကာ ၆ လုံး) ကူးစက်မီးလောင်မှုဖြစ်ခဲ့ပြီး အဆိုပါမီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု ၁၅ စုမှ လူဦးရေ ကျားမပေါင်း (၆၂) ဦး မီးဘေးသင့်ခဲ့ပါသည်။
ယနေ့ (၂၀-၄-၂၀၁၆) ရက်နေ့တွင် ခရိုင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဦးသန်းစိုးနှင့် ဒု-ဦးစီးမှူး၊ ဦးရမ်ချွမ်းမန်၊ လေးမျက်နှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ်မှူး၊ ဦးဇော်မင်းနိုင်နှင့် မြို့နယ်တာဝန်ရှိသူများလိုက်ပါပြီး မီးဘေးသင့့်ပြည်သူများ လက်ဝယ်သို့ လူဦးရေ (၆၂) ဦးအတွက် ဆန်ရိက္ခာဖိုး (၅၅၈၀၀/-) နှင့် အိမ်ခြေ (၁၂) လုံး (သွပ်မိုး/ ပျဉ်ကာ( ၆) လုံး (၆၀၀၀၀၀/-) ဓနိမိုး/ထရံကာ ၆ လုံး (၃၀၀၀၀၀/-) အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀၀/-)၊ စုစုပေါင်း (၉၅၅၈၀၀/-) အားထောက်ပံ့ခဲ့ကြောင်းသိရှိရပါသည်။